နေပြည်တော်၊လယ်ဝေးမြို့နယ်၊ပတ္တာကျေးရွာက ရေသန့်စက်ရုံတစ်ရုံမှာ ဒီဇင်ဘာလ၅ရက် မနက်၁၀နာရီကနေ၁၁နာ ရီအထိ မီးလောင်မှုတစ်ခုဖြစ်ပွားခဲ့တယ်လို့ မီးသတ်တပ်ဖွဲ့ အသိုင်းအဝိုင်းကနေ သိရပါတယ်။
မီးလောင်ကျွမ်းမှုစတင်ဖြစ်ပွားရတဲ့အကြောင်းအရင်းနဲ့ပျက်စီးဆုံးရှုံးမှုတန်ဖိုးကို မီးသတ်ဦးစီးဌာနက စိစစ်တွက် ချက်နေဆဲဖြစ်ပြီး မီးလောင်ကျွမ်းမှုကြောင့် စက် ရုံဝန်ထမ်းအမျိုး သားတစ်ဦး မီးလောင်ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ စုံစမ်းသိရှိရပါတယ်။


မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့တဲ့စက်ရုံမှာ လင်းရေသန့်စက်ရုံဖြစ်ပြီး မီးလောင်ကျွမ်းမှုကို Lv2အဆင့် ယာဥ်အုပ်စုများကထွက်ခွာမီးငြှိမ်းသတ်ပေးခဲ့ရပြီး မီးငြိမ်းသွားတဲ့အထိ မီး လောင်မှုကြာချိန်မှာ ၁နာရီခန့် ရှိတယ်လို့လည်း သိရပါတယ်။
Visited 17 times, 1 visit(s) today



