နေပြည်တော်မှာ နစကဥက္ကဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ကရင်တိုင်းရင်းသားခေါင်းဆောင်စောမူတူးစေးဖိုးတို့ တွေ့ဆုံ

နေပြည်တော်က ဘုရင့်နောင်ရိပ်သာမှာ စက်တင်ဘာလ၃၀ ရက်နေ့က နစကဥက္ကဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့က ရင်တိုင်းရင်းသားခေါင်းဆောင်စောမူတူးစေးဖိုးတို့ တွေ့ဆုံခဲ့ပြီး ပြည်တွင်းငြိမ်းချမ်းရေးကိစ္စများကို ပြောဆိုဆွေးနွေးခဲ့ကြတယ်လို့ နစကကနေ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ငြိမ်းချမ်းရေးကို ဖော်ဆောင်ရာမှာ NCA အပေါ်သာ ခိုင်ခိုင်မာမာရပ်တည် ဆောင်ရွက်သွားရမယ်လို့ ယုံကြည်ပြီး NCAနဲ့ပတ်သက်ပြီး အထောက်အထားမဲ့၊ အဓိပ္ပါယ်မဲ့စွာ လက်လွတ်စပယ်ပြောကြားမှုများကို လက်သင့်ခံလို့ မရနိုင်

ကြောင်း ကရင်တိုင်းရင်းသားခေါင်းဆောင် KNU ဥက္ကဋ္ဌဟောင်း စောမူတူးစေးဖိုးက ပြောဆိုဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

နစကဥက္ကဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း တပ်မ တော်အနေနဲ့ ငြိမ်းချမ်းရေးကိုဖော်ဆောင်ရာမှာ NCA နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ် ခိုင်ခိုင် မာမာရပ်တည်ပြီး ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်းနဲ့တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း (EAO) များအားလုံးကို ငြိမ်းချမ်းရေးဆွေးနွေးဖို့ အမြဲတံခါးဖွင့်ကြိုဆိုလျက်ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။

NCA စာချုပ် ချုပ်ဆိုချိန်မှာလည်း အစိုးရ၊ လွှတ်တော်၊ တပ်မတော်နှင့်တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများက ကမ္ဘာ့ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာမှ သံတမန် များ၊ ပြည်တွင်းအသိသက်သေများ ရှေ့မှောက်မှာလက်မှတ်ရေးထိုးထားတာဖြစ်ပြီး မည်သည့်အချိန်မှ ပျက်ပြယ်မှုမရှိ တည်ရှိနေမည့်ခိုင်မာတဲ့ တရားဝင်စာချုပ်ဖြစ်တယ်။သူ့အ နေနှင့်ပါတီစုံဒီမို ကရေစီစနစ်ကို လက်ခံပြီး တည်ငြိမ်အေး ချမ်းမှုကိုလိုလားတယ်လို့လည်း စောမူတူးစေးဖိုးနှင့်အဖွဲ့က အခိုင်အမာပြောဆိုခဲ့ပါတယ်။

တွေ့ဆုံဆွေးနွေးရာမှာ နစကဥက္ကဌနှင့်အတူ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ ဒုတိယဗိုလ်ချုပ်ကြီးရဲဝင်းဦး၊တပ်မတော်အရာရှိကြီးများ၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်း ချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ကရင်တိုင်းရင်းသား ခေါင်းဆောင် စောမူတူးစေးဖိုးနှင့်အတူ ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုကော်မတီဝင်ဟောင်းဖြစ်သူ စောရောဂျာခင်၊ ကော့ကရိတ်ခရိုင် ဥက္ကဋ္ဌ ပဒိုရွှေမောင်း တို့ တက်ရောက်ခဲ့ကြတယ်လို့သိရပါတယ်။

Visited 1 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *