နေပြည်တော်၊ ဇေယျာသီရိမြိုနယ်၊ ရန်ကုန်-မန္တလေးလမ်းဟောင်း၊ ခေတ်အေးကျေး ရွာအနီး နီလာရိုးမဆီဆိုင်ရှေ့မှာ ဇွန်လ ၁၃ ရက်မွန်းလွဲ၂နာရီလောက်က ၂၂ဘီးတွဲကား တစ်စီး အရှိန်လွန်ပြီး လမ်းဘေးထိုးကျကာ သစ်ပင်ကို တိုက်မိမှုဖြစ်ပွားခဲ့တယ်လို့ ပရဟိတအသင်းအသိုင်းအဝိုင်းက သိရပါ တယ်။
ယာဉ်တိုက်မှုဖြစ်စဉ်မှာ အသက်၃၈နှစ် အရွယ်တွဲကားယာဉ်မောင်းဟာ လက်တစ် ဖက်ပြတ်ပြီး အခင်းဖြစ်နေရာမှာ သေဆုံးခဲ့ရ တယ်လို့ သိရပါတယ်။
“ယာဉ်တိုက်မှုဖြစ်တဲ့အချိန်က မိုးရွာတာ တော့ မရှိပါဘူး။အိပ်ငိုက်ပြီးဖြစ်တာလား၊ ဘရိတ်ပေါက်ပြီးဖြစ်တာလားဆိုတာတော့ မသိရသေးပါဘူး´´လို့ ပရဟိတအသင်းသား တစ်ယောက်က ပြောပါတယ်။
သေဆုံးသွားသူရဲ့ရုပ်အလောင်းကို လူမှုကူ ညီရေးအသင်းက မော်တော်ယာဉ်နဲ့ နေပြည် တော်ကုတင်၁၀၀၀ဆေးရုံက ရင်ခွဲရုံကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
