နေပြည်တော်မှာ ကျောင်းဆောင်ပေါ်က ပြုတ်ကျပြီး ဆရာနဲ့ကျောင်းသူ သေဆုံး မှုဖြစ်စဉ် ဖြစ်ပွားခဲ့

ကိုယ့်ကိုသတ်သေဖို့လုပ်တဲ့ကျောင်းသူကို တားဖို့ကြိုးစားခဲ့တဲ့ ဆရာပါ သေဆုံးခဲ့တာဖြစ်

နေပြည်တော်၊ ဖေဖေါ်ဝါရီ ၁

နေပြည်တော်၊ပုဗ္ဗသီရိမြို့နယ်က ကိုယ်ပိုင် အထက်တန်းကျောင်းတစ်ခုမှာ ဖေဖော် ဝါရီလ၁ရက်နေ့ ညနေ၄နာရီ၁၅မိနစ်က ကျောင်းဆောင်ခေါင်မိုးပေါ်ကနေ ဆရာ နဲ့ကျောင်းသူနှစ်ဦးပြုတ်ကျပြီး သေဆုံး ခဲ့တဲ့ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ညနေကျောင်းဆင်းချိန်မှာ Grade10 ကျောင်းသူကျောင်းဆောင်ခေါင်မိုးပေါ်ကနေခုန်ချပြီးကိုယ့်ကိုကိုယ်သတ်သေဖို့လုပ်တာကို ကွန်ပျူတာဆရာက လိုက် ဆွဲဖို့ ကြိုးစားရင်း ဆရာရော ကျောင်းသူ ပါပြုတ် ကျပြီး သေဆုံးခဲ့ရတာလို့ သိရပါတယ်။

ဆရာနဲ့ကျောင်းသူပြုတ်ကျခဲ့တဲ့ ကျောင်း ဆောင်အမြင့်က ပေ၅၀လောက်ရှိပါ တယ်။ကျောင်းသူကကျောင်းဆောင်ပေါ်က ဘာကြောင့်ကိုယ့်ကို အဆုံးစီရင်သလဲ ဆိုတာကို မသိရပေမယ့် သူ့ကို တားဖို့ ကယ်ဖို့  ကြိုးစားခဲ့တဲ့ဆရာက ကံဆိုးစွာနဲ့ အတူ ပြုတ်ကျပြီး သေဆုံးခဲ့ရတာပါ။

ဓာတ်ပုံ– Ko Chit

Leave a Reply

Your email address will not be published. Required fields are marked *