ဇန်နဝါရီ၊၁၄
နေပြည်တော်၊ ဇေယျာသီရိခရိုင်၊ ပုဗ္ဗသီရိမြို့နယ်၊ သံလွင်လမ်းမကြီးမှာ ဇန်နဝါရီလ၁၄ရက်ညနေ၆နာရီအချိန်က ကား၃စီးဆင့်တိုက်မူဖြစ်ပွားခဲ့တာကြောင့် အမျိုးသားတဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

TE ရေသယ်ယာဉ်၊ Toyota Crownယာဉ်နဲ့Toyota light trackယာဉ်တို့ ယာဉ်သုံးစီးဆင့်တိုက်မှုဖြစ်ပွားခဲ့တာဖြစ်ပြီး ပုဗ္ဗသီရိမြို့နယ်မီးသတ်စခန်းက ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ရတာဖြစ်ပါတယ်။
အဆိုပါယာဉ်တိုက်မှုကြောင့် Light Truck ယာဉ်ပေါ်ပါ (၆)ဦးအနက် ယာဉ်မောင်း ကျား(၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တာကြောင့် သဗ္ဗသုခအလုံးစုံအခမဲ့ နာရေးကူညီမှုအသင်း သူနာတင်ယာဉ်နဲ့ နေပြည်တော်ကုတင်(၁၀၀၀) ဆေးရုံသို့ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
Visited 97 times, 1 visit(s) today



