အလွန့်အွန်အားကောင်းတဲ့ မိုခါ ဆိုင်ကလုန်းမုန်တိုင်း ရဲ့ အရှိန်ကြောင့် နေပြည်တော်ကောင်စီနယ်နိမတ်အတွင်းက မြို့နယ်များမှာ မေလ၁၄ရက်နေ့ မွန်းလွဲပိုင်းက လေပြင်းများတိုက်ခတ်ခဲ့ပြီး ပျက်စီးဆုံးရှုံးမှုအချို့ရှိခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

လေပြင်းတိုက်ခတ်မှုအခြေအနေများမှာ မေလ၁၄ ရက်နေ့ မွန်းလွဲ၁နာရီခန့်က ပုဗ္ဗသီရိမြို့နယ်၊ ရွာသစ်ကျေးရွာအုပ်စုက ရွာသစ်မူလွန်ကျောင်းအတွင်း လေပြင်းတိုက်ခတ်မူကြောင့် ကျောင်းအတွင်းရှိ စိန်ပန်းပင် အမြစ်မှပြိုလဲမှုကြောင့် ကျောင်းအိမ်သာ အနည်းငယ်ထိခိုက်မှုရှိကြောင်း၊မေလ၁၄ရက်ေ့နမွန်းလွဲ၂နာရီပုဗ္ဗသိရိမြို့နယ်ကျည်တောင်ကန်အုပ်စု မြောက်ချောင်း ကျေးရွာ ဦးဖိုးဆယ်နေအိမ်က ၁၀ပေသွပ် ၁၀ချပ် အဖျားလန်ပျက်စီးသွားကြောင်း၊မွန်းလွဲ၁နာရီခွဲက ဇေယျာသီရိမြို့နယ်၊ သစ်တပ်ကျေးရွာအုပ်စု၊ကြို့ပင်ကျေးရွာအနီး ပင်လောင်းလမ်းဆုံလမ်းမပေါ်၌ သစ်ပင်ပြိုလဲခဲ့ကြောင်းတို့ သိရပါတယ်။

