နေတိုးစစ်အုပ်စုအနေနဲ့ စစ်အေးအသွင်ဆောင်လာ ရုရှားဖက်က ရရာနည်းလမ်းအသွယ်သွယ်နဲ့ တုန်ပြန်သွားမယ်

နေတိုးစစ်အုပ်စုရဲ့ ထိပသီးဆွေးနွေးပွဲ ဇူလိုင် ၁၂ရက်ကပြီးဆုံးသွားပြီ။ အမေရိကန်သမ္မတဂျိုးဘိုင်ဒင် အပိတ်မိန့်ခွန်းပြောတယ်။ ဘိုင်ဒင်က အဲဒီမိန့်ခွန်းမှာ ရုရှားသမတဗလာဒီမာပူတင်ကို ဒဲ့ဒိုးဝေဖန်ခဲ့ပြီး နေတိုးနဲ့ရန်တိုက်ပေးထားတယ်။

ပူတင်က နယ်လည်းချဲ့ချင် ဩဇာအာဏာလည်းပြချင်တဲ့ ဇောနဲ့ ယူကရိန်းကို လူမဆန်စွာ စစ်ပြုရင်း နေတိုးပြိုကွဲသွားလေမလားလို့ ထင်ခဲ့ပုံရတယ်။ ဒါပေမယ့် သူထင်ထားတာ မှားခဲ့တယ်။ နေတိုးက ပိုပြီးခိုင်မာလာတယ်။ ပိုပြီးအားကောင်းလာတယ်။ ဟုတ်တယ်။ သမိုင်းမှာ ကြုံခဲ့ဖူးတာထက်ပိုပြီး ညီညွတ်လာတယ်လို့ ဘိုင်ဒင်က ထည့်သွင်းပြောကြားတယ်။

ယူကရိန်းကို နေတိုးစစ်အုပ်စုထဲဝင်ခွင့်မပေးနိုင်သေးပေမယ့် အဖွဲ့ဝင်နိုင်ငံတွေက ရေရှည်ကာကွယ်စောင့်ရှောက်ပေးသွားမယ်လို့ နေတိုးကနောက်ဆုံးထုတ်ပြန်တဲ့ ကြေညာချက်မှာ ထည့်သွင်း ဖော်ပြတယ်။

ရုရှားနိုင်ငံရဲ့လုံခြုံရေးကို နေတိုးစစ်အုပ်စုဖက်ကခြိမ်းခြောက်လာနိုင်မယ့် အနေအထားတွေကို မိမိတို့ဖက်က ဂရုတစိုက် ဆန်းးစစ်သွားမယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ဇူလိုင် ၁၂ရက်နှောင်းပိုင်းမှာ ထုတ်ပြန်ကြေညာတယ်။

မိမိတို့နိုင်ငံရဲ့လုံခြုံရေးနဲ့အကျိုးစီးပွါးတွေအပေါ်စိန်ခေါ် ခြိမ်းခြောက်တာတွေနဲ့ပတ်သက်ပြီး ရရာနည်းလမ်းအသွယ်သွယ်နဲ့ တုန်ပြန်သွားမယ်လို့လည်း အဲဒီကြေညာချက်မှာထည့်သွင်းဖော်ပြတာတွေ့ရတယ်။

Ref Aljazeera

Visited 21 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *