နေတိုးစစ်အုပ်စုဝင်နိုင်ငံတွေက ယူကရိန်းကိုတိုးမြှင့်ထောက်ပံ့ရင် တတိယကမ္ဘာစစ် ဖြစ်ဖို့ နီးကပ်လာလိမ့်မယ်

နေတိုးစစ်အုပ်စုဝင်နိုင်ငံတွေက ယူကရိန်းကိုတိုးမြှင့်ထောက်ပံ့ရင် တတိယကမာစစ်ဖြစ်ဖို့ နီးကပ်လာလိမ့်မယ်လို့ ရုရှားလုံခြုံရေးကောင်စီတွဲဖက်အတွင်းရေးမှူး ဒမီထရီမက်ဒ် ဗေဒက်ဗ်က ဇူလိုင်၁၁ရက်မှာ သူ့ရဲ့တယ်လီဂရမ်လူမှုကွန်ရက်ကတစ်ဆင့် သတိပေးလိုက်တယ်။

လစ်သူယေးနီးယားနိုင်ငံ ဗီလ်နီးယပ်စ်မြို့တော်မှာလက်ခံကျင်းပတဲ့ နေတိုးစစ်အုပ်စု ထိပ်သီးညီလာခံ ပထမနေ့အမီ သူ့ရဲ့ပြင်းထန်တဲ့သတိပေးချက် ပေါ်ထွက်လာခဲ့တာဖြစ် တယ်။

တစ်ဖက်မှာ သမ္မတ ဗိုလိုဒီမြာဇေလင်စကီးက ယူကရိန်းနိုင်ငံကို နေတိုးစစ်အုပ်စုထဲ အ ဆောတလျင်ဝင်ခွင့်ပြုဖို့ ထပ်လောင်းတောင်းဆိုခဲ့တယ်။

သူ့အနေနဲ့ ကိုယ့်တိုင်းပြည်ကို ရုရှားဖက်က ကျူးကျော်တိုက်ခိုက်မှုရပ်တန့်သွားစေလိုတဲ့ ရည်ရွယ်ချက်နဲ့ အဲဒီလိုတောင်းဆိုတာဖြစ်ပေမယ့် လတ်တလောတင်းမာမှုအခြေအနေအရ အဖွဲ့ဝင်နိုင်ငံအဖြစ်ချက်ခြင်းလက်ငင်းလက်ခံဖို့ရာ မဖြစ်နိုင်သေးလို့ နောင်တစ်ချိန် ချိန်ကျမှ လက်ခံမယ်လို့ ထိပ်သီးညီလာခံပထမနေ့မှာပဲ နေတိုးခေါင်းဆောင်တွေဆုံးဖြတ်လိုက်ကြတယ်။

ဇေလင်စကီးကတော့ မကျေမနပ်ဖြစ်ပြီး သူ့တွစ်တာလူမှုကွန်ရက်ကတစ်ဆင့် စာရေး ပြီး နေတိုးခေါင်းဆောင်တွေကို ဝေဖန်ခဲ့ တယ်။

ရုရှားပြည်ထောင်စုဟာ မိမိတို့မဟာမိတ်တွေရဲ့လုံခြုံရေးနဲ့ငြိမ်းချမ်းရေးအတွက်သာမက ဥရောပ-အတလနိတ်ဒေသအတွက်လည်း အသိသာအထင်ရှားဆုံးခြိမ်းခြောက်မှုဖြစ်နေ ပြီလို့ နေတိုးစစ်အုပ်စုက ထုတ်ပြန်ကြေညာခဲ့တယ်။

Ref: Aljazeera

Leave a Reply

Your email address will not be published. Required fields are marked *