
Photo Credit : Getty Images
ဝယ်လင်တန်၊ ဇန်နဝါ်ရီ ၂၁
လာမယ့် ဖေဖေါ်ဝါရီ ၇ ရက် မတိုင်မီ ရာထူးကနေ နုတ်ထွက်ဖို့ ရုတ်တရက်ကြေငြာလိုက်တဲ့ နယူးဇီလန် ဝန်ကြီးချုပ် ဂျက်ဆင်ဒါ အာဒမ်နေရာမှာ နယူးဇီလန် အလုပ်သမား ပါလီမန်အမတ် ခရစ် ဟစ်ပကင် တစ်ဦးတည်းကိုပဲ ဝန်ကြီးချုပ်အဖြစ်လျာထားခံရပြီး လစ်လပ်သွားတဲ့ နေရာမှာ အစားထိုးဖို့ စီစဉ်နေတယ်လို့ ဝယ်လင်တန်က လာတဲ့သတင်းတွေမှာ ဖော်ပြထား ပါတယ်။။
နယူးဇီလန်မှာ လာမယ့် ၂၀၂၃ အောက်တိုဘာလထဲမှာ အထွေထွေရွေးကောက်ပွဲကျင်းပမှာ ဖြစ်လို့ အစားထိုးမယ့် မစ္စတာ ဟစ်ပကင်ရဲ့ ရာထူးက ဘယ်လောက်ကြာမယ် ဆိုတာကတော့ မသိရသေးပါဘူး။
မစ္စတာ ဟစ်ပကင်ဟာ လက်ရှိမှာ အသက်၄၄နှစ်ရှိပြီး ရဲတပ်ဖွဲ့၊ ပညာရေးနဲ့ ပြည်သူ့ရေးရာ ၀န်ကြီး အဖြစ် တာဝန်ယူထားသူလည်း ဖြစ်ပါတယ်။
ဟစ်ပကင်အနေနဲ့ ခေါင်းဆောင်မဖြစ်မီ လာမယ့်တနင်္ဂနွေနေ့မှာ အောက်လွှတ်တော်က လေဘာပါတီရဲ့ တရားဝင် ထောက် ခံမှုကို ရဖိုလည်း လိုအပ်နေပါသေးတယ်။
ဆိုခဲ့တဲ့ထောက်ခံမှုကို ရပြီးတဲ့အပြင် မစ္စ အာဒမ်ရဲ့ ရာထူးကနေ နုတ်ထွက်စာကို ဘုရင်ချားလ်စ်(၃) ကိုယ်စား ဘုရင်ခံချုပ်ကို တင်ပြပြီးတဲ့နောက် ဝန်ကြီးချုပ်အသစ်ကို ခန့်အပ်မှာ ဖြစ်တယ်လို့ သိရပါတယ်။
အာဒမ် တစ်ယောက် ရာထူးကနေ နုတ်ထွက်ရတဲ့ အတွက် နောင်တ ရနေလား ဆိုတော့ မရတဲ့ အကြောင်း ပြောပါတယ်။ နောက်… သူကပဲ အရမ်းလေးလံတဲ့ ဖိအားဒဏ်တွေ သူဆက်မခံနိုင်တော့တဲ့အကြောင်း ပြောပါ တယ်။ သူက ဆက်ပြီး” ၆နှစ်တိုင်ဖိအားတွေ ခံခဲ့ပြီးပြီ၊ ဥပမာ တင့်ကားတွေ မလုံလောက်တာကအစပေါ့…. နိုင်ငံရေးသမား ဆိုတာကလည်း လူသားတစ်ယောက်ပဲလေ။ လူတစ်ယောက်အနေနဲ့ ဖိအားတွေ ဆက်ပြီး မခံနိုင်တော့လို့ပါ” လို့ သူနုတ်ထွက်တော့မယ်အကြောင်း တရားဝင်ကြေငြာတဲ့ ပွဲမှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

Photo Credit: KERRY MARSHALL/GETTY
တစ်ချိန်တည်းမှာပဲ ငွေကြေးဖောင်းပွမှုနဲ့ လူမှုရေးမညီမျှမှုတွေ တိုးလာတာကြောင့် မစ္စအာဒမ် ရဲ့ လူကြိုက်များ ကျော်ကြားမှုတွေက သဘောထားစစ်တမ်းတွေအရ အနိမ့်ဆုံးကို ကျဆင်းနေချိန်လည်း ဖြစ်ပါတယ်။
နုတ်ထွက်ကြောင်း ကြေငြာချက်မှာ အသက် ၃၇ နှစ် အရွယ် မစ္စအာဒမ်ဟာ ကမ္ဘာ့အသက်အငယ်ဆုံး အမျိုးသမီး အစိုးရအကြီးအကဲအဖြစ် ၂၀၁၇ ခုနှစ်မှာ အာဏာရလာခဲ့ပြီး လွန်ခဲ့တဲ့ ငါးနှစ်ခွဲကာလဟာ သူ့ဘဝရဲ့ “အပြည့်စုံ ဆုံး” ကာလတစ်ခုလို့လည်း ဆိုခဲ့ပြန်ပါတယ်။
တချို့ နိုင်ငံရေး အကဲခတ်သူတွေကတော့ မစ္စအာဒမ်ရဲ့ ကြေငြာချက်အပေါ် “ဖယ်ထုတ်မခံရခင် ထွက်ပြေးခြင်း” “running away before getting thrown out” ဆိုပြီးလည်း ဝေဖန်နေကြတဲ့အကြောင်း သိရပါတယ်။
Ref: BBC