နီပေါအစိုးရက TikTok အသုံးပြုခွင့်ကို ပိတ်ပင်တော့မယ် လို့ဆို

ခတ္တမန္ဒု၊ နိုဝင်ဘာ ၁၄

လူမှုသဟဇာတဖြစ်မှုကို အနှောင့်ယှက် ဖြစ်စေတယ် ဆိုတဲ့ အကြောင်းပြချက်နဲ့   TikTok ကို ပိတ်ပင်တော့မယ်လို့  နိုဝင် ဘာ ၁၃ရက် တနင်္လာနေ့မှာ နီပေါအစိုးရက ပြောဆိုလိုက်ပါတယ်။

လစဉ်အသုံးပြုသူ တစ်ဘီလီယံလောက်အထိရှိနေတဲ့ လူကြိုက်များလှတဲ့  ဗီဒီယိုမျှဝေတဲ့ TikTok ပလပ်ဖောင်းဟာ ဒေတာ စည်းမျဉ်းတွေကို ချိုးဖောက်နေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့အတူ  လူငယ်တွေအပေါ် ထိခိုက်စေမယ့် သက်ရောက်မှုတွေအတွက် နိုင်ငံအတော်များများမှာလည်း ကန့်သတ်မှုတွေနဲ ရင်ဆိုင်နေရပါတယ်။

“ပိတ်ပင်ဖို့ ဒီနေ့ ဆုံးဖြတ်လိုက်တာဖြစ်ပြီး သက်ဆိုင်ရာ အာဏာပိုင်တွေက နည်းပညာပိုင်းဆိုင်ရာပြဿနာတွေကိုကိုင်တွယ် ဖြေရှင်းနေပါတယ်” လို့ နီပေါနိုင်ငံ ဆက်သွယ်ရေးနဲ့ သတင်းအချက်အလက်နည်းပညာဝန်ကြီး ရက်ခါ ရှာရမာ  က ပြောပါ တယ်။

“လူမှုသဟဇာတကို နှောင့်ယှက်ပြီး မိသားစုဖွဲ့စည်းပုံနဲ့ လူမှုဆက်ဆံရေးကို နှောင့်ယှက်တယ် ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ အတူ TikTok ကို ပိတ်ပင်ဖို့ အခုလို ဆုံးဖြတ်ရတာပါဆိုပြီး ရှာရမာ ကရှင်းပြပါတယ်။

ဆုံးဖြတ်ချက်ကို လူသိရှင်ကြား ထုတ်ပြန်ပြီးတဲ့နောက် နာရီပိုင်းအကြာမှာ တားမြစ်ချက် ဗီဒီယိုကို TikTok မှာ ကြည့်ရှုသူ ထောင်ပေါင်းများစွာ ရှိခဲ့တယ်လို့ သိရပါတယ်။

အာဏာရ ညွန့်ပေါင်းအဖွဲ့ရဲ့  တစ်စိတ်တစ်ပိုင်းဖြစ်တဲ့  နီပေါကွန်ဂရက်ပါတီ ခေါင်းဆောင် ဂါဂျန် တာပ က အစိုးရဲ့ ရည်ရွယ် ချက်က  လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ဟန့်တားဖို့  ဖြစ်တယ်ဆိုပြီး ပြောဆိုလိုက်ပါတယ်။

 ဂါဂျန် တာပ ကပဲ ဆိုရှယ်မီဒီယာကို အလွဲသုံးစားလုပ်သူတွေကို တွန်းအားပေးဖို့ စည်းမျဉ်းက လိုအပ်ပါတယ်၊ ဒါပေမယ့် စည်းမျဉ်းအမည်နဲ့ ဆိုရှယ်မီဒီယာကို ပိတ်လိုက်တာဟာ လုံးဝမှားယွင်းပါတယ်” ဆိုပြီးလည်း အရင်က Twitter လို့လူ သိ များတဲ့ X မှာ ပို့စ် တစ်ခု တင်ခဲ့ပါတယ်။

လန်ဒန်အခြေစိုက် We Are Social စျေးကွက်ရှာဖွေရေးအေဂျင်စီရဲ့အဆိုအရ TikTok ဟာ ကမ္ဘာပေါ်မှာ ဆဋ္ဌမအသုံးအများ ဆုံး လူမှုကွန်ရက်ပလက်ဖောင်းလို့ သိရပါတယ်။

နိုင်ငံအများအပြားဟာ  ကလေးတွေအပေါ် သက်ရောက်မှုရှိနိုင်တယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ ဆိုရှယ်မီဒီယာပေါ်မှာ ထိန်းချုပ်မှုတွေကို တင်းကျပ်ဖို့  ကြိုးစားနေကြတာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် နိုင်ငံတကာက အစိုရိမ်ဆုံး အချက်ဟာ TikTokရဲ့ နောက်ကွယ်မှာ ဘေကျင်းအစိုးရ ရှိနေတယ်ဆိုတဲ့ သံသယပဲ ဖြစ် ကြောင်းပါ။

Ref: AFP

Feature Image Credit: Sheldon Cooper/SOPA Images

Visited 3 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *