နီပေါမှာ ငလျင်လှုပ် သေဆုံးသူ ၁၃၀ ကျော်ရှိလာ

ငလျှင်လှုပ်ခတ်အပြီး မြင်ကွင်း
Photo Credit: The Irish Times

ခတ္တမန္ဒူ၊ နိုဝင်ဘာ ၄

နီပေါနိုင်ငံမှာ ရှစ်နှစ်အတွင်း အဆိုးရွားဆုံး ငလျင်တစ်ခု နိုဝင်ဘာ ၃ရက် သောကြာနေ့ ဒေသစံတော်ချိန်  ည ၁၁နာရီ ၄၇မိနစ် မှာ လှုပ်ခတ်ခဲ့ပါတယ်။ ဒီငလျှင်ဟာ ၈နှစ်အတွင်းအဆိုးဆုံး ငလျှင်တစ်ခု ဖြစ်ပြီ ဒီနေ့ နိဝင်ဘာ ၄ရက် ညနေအထိ သေဆုံးသူ အယောက် ၁၄၀ နီးပါးရှိနေပြီလို့  သိရပါတယ်။

အခုအချိန်မှာတော့  ကယ်ဆယ်ရေးသမားတွေက ပြိုကျနေတဲ့ အိမ်အပျက်အစီးတွေကို  ဒီနေh နိုဝင်ဘာ၄ရက်နေ့မှာ စတင်တူးဖော်ပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေစပြီး လုပ်ကိုင်နေပါတယ်။

လှုပ်ခတ်ခဲ့တဲ့ ငလျှင်ဟာ ပြင်းအား ၆ ဒဿမ ၄   အဆင့်ရှိတယ်လို့    နီပေါအမျိုးသား ငလျင်ဆိုင်ရာ ဗဟိုဌာနက ပြောပါ တယ်။

မြို့တော်ခတ္တမန္ဒူရဲ့ အနောက်ဘက် ကီလိုမီတာ ၅၀၀ နီးပါးအကွာမှာ ငလျှင်ရဲ့ ဗဟိုချက်မရှိနေတယ်လို့လည်း သိရပါတယ်။

နိုဝင်ဘာ ၄ရက် ညပိုင်းမှာတော့ သေဆုံးသူအရေအတွက် မြင့်တက်လာမှာကို တာဝန်ရှိသူတွေက စိုးရိမ်နေတယ်လို့ သိရပါတယ်။

ငလျင်ရဲ့ ပြင်းအားက မပြင်းထန်ပေမယ့်လည်း အဲ့ဒိဒေသက အဆောက်အဥိတွေက ဆောက်လုပ်ရေး အရည်အသွေး ညံ့ဖျင်းတဲ့အပြင်  ငလျှင်က လူတွေ အိပ်ပျော်နေချိန်မှာ လှုပ်လိုက်တာမို့ ပျက်စီးမှုနဲ့  သေဆုံးသူ အရေအတွက် မြင့်မား လာဖို့ရှိတယ်လို့  တာဝန်ရှိသူတွေက ပြောဆို နေပါတယ်။

အခု နိုဝင်ဘာ ငလျှင်ဟာ ၂၀၁၅ခုနှစ်မှာ လှုပ်ခဲ့ပြီး လူပေါင်း ၉၀၀၀ လောက် သေကြေခဲ့ရတဲ့ ငလျှင် ပြီးရင် နီပေါနိုင်ငံ အတွက် ဒုတိယ အဆိုးဆုံး လို့ သိရပါတယ်။

Ref: Reuters/rj

ပုံစာ။ ကယ်ဆယ်ရေးလုပ်နေတဲ့ နီပေါ တပ်မတော်သာများ

Feature Image Credit: The Straits Times

Visited 21 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *