ဂျေရုစလင်၊ နိုဝင်ဘာ ၂၃
အစ္စရေးနဲ့ ဟားမတ်စ်စစ်သွေးကြွတွေကြား ယာယီအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အရ ဓားစာခံတွကို လွှတ် ပေးမယ့် ကိစ္စဟာ နိုဝင်ဘာ ၂၄ ရက် သောကြာနေ့ မတိုင်မီအထိ ဖြစ်မြောက်ဦးမှာ မဟုတ်ဘူးလို့ အစ္စရေး အမျိုး သား လုံခြုံရေးအကြံပေးက ပြောဆို လိုက်အပြီး ကြာသပတေးနေ့မှာ လွတ်မြောက်လာမယ့် အမေရိကန်နိုင်ငံသား ဆွေမျိုး သားချင်းတွေရဲ့ မျှော်လင့်ချက်တွေ ပျက်ပြားသွားခဲ့တယ်လို့ သိရပါတယ်။
အစ္စရေးနဲ့ ဟားမတ်စ်တို့ဟာ ဂါဇာမှာ အနည်းဆုံး လေးရက်ကြာ အပစ်အခတ်ရပ်စဲရေးကို ဗုဒ္ဓဟူးနေ့ အစောပိုင်း က သ ဘောတူညီခဲ့ကြပြီး ပါလက်စတိုင်းနယ်မြေထဲမှာ စစ်သွေးကြွတွေက ဖမ်းဆီးထားတဲ့ ဓားစာခံ ၅၀ထက် မနည်း ကို လွှတ် ပေးဖို့နဲ့ ဂါဇာမှာအနည်းဆုံး လေးရက်ကြာ အပစ်အခတ်ရပ်စဲရေး ကိုသဘောတူညီခဲ့ကြတာ ဖြစ်ပါ တယ်။ ဒါပေမယ့် တိ ကျတဲ့ ရက် သတ်မှတ်ထားတာမျိုးတော့ မရှိဘူးလို့ ဆိုပါတယ်။
အီဂျစ်လုံခြုံရေးသတင်းရင်းမြစ်တစ်ခုကတော့ ကြားဝင် ဖျန်ဖြေသူတွေကနိုဝင်ဘာ ၂၃ရက် ကြာသပတေးနေ့ မနက်မှာ စ ပြီး အကောင်အထည်ပေါ်ဖို့ ကြိုးစားခဲ့တယ်လို့ သိရပါတယ်။
“ကျွန်တော်တို့ရဲ့ ဓားစာခံတွေ လွတ်မြောက်လာဖို့ အတွက် စေ့စပ်ညှိနှိုင်းမှုတွေကို အရှိန်အဟုန်နဲ့ အဆက်မပြတ် ဆက်လုပ် နေပါတယ်”ဆိုပြီး အစ္စရေး အမျိုးသား လုံခြုံရေး အကြံပေး Tzachi Hanegbi က ဝန်ကြီးချုပ်ရုံးရဲ့ ထုတ်ပြန် ကြေညာ ချက်ထဲမှာ ထည့်ပြီး ပြောဆိုပါတယ်။
လက်တွေ့မှာတော့ ဟားမတ်စ်နဲ့ ဖျန်ဖြေသူ ကာတာတို့ ကြားမှာ သဘောတူလက်မှတ်ရေးထိုးတာ မလုပ်ကြ သေးလို့ နှောင့် နှေးနေရတဲ့အကြောင်း အစ္စရေးအများပြည်သူပိုင် ရုပ်သံဌာန Kan က ဖော်ပြလိုက်တယ်လို့ သိရပါတယ်။
Ref: Reuters/fs/rj/cm
ပုံစာ။ ဂါဇာ နယ်စပ်က အစ္စရေး တပ်ဖွဲ့ဝင်တချို့
Feature Image Credit: Getty Images



