နေပြည်တော်ကို ၇၆နှစ်မြောက် လွတ်လပ်ရေးနေ့ အ ခမ်းအနားကို တက်ရောက်လာတဲ့ နိုင်ငံရေးပါတီမှတ်ပုံ တင်ကြပြီးတဲ့ (၃၉)ပါတီက ပါတီခေါင်းဆောင်တွေဟာ ဇန်နဝါရီလ ၆ရက်နေ့မနက်ပိုင်းက နေပြည်တော်မှာ
နစကဥက္ကဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ၃နာရီကျော်ကြာ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ နိုင်ငံရေးပါတီအသိုင်းအဝိုင်းက သိရပါတယ်။


တွေ့ဆုံပွဲကို တက်ရောက်လာတဲ့ ပါတီခေါင်းဆောင်တွေထဲမှာ ဝါရင့်နိုင်ငံရေးသမားတွေဖြစ်တဲ့ ဒေါက်တာအေးမောင်တို့ ဦးကိုကိုကြီးတို့ပါ ပါဝင်ခဲ့တယ်လို့ သိရပါတယ်။
နစကဥက္ကဌအနေနဲ့ နိုင်ငံတည်ငြိမ်အထွေထွေရွေး ကောက်ပွဲ ကျင်းပနိုင်ရေးအတွက် အခြေခံကျတဲ့မဲစာ ရင်းများ မှန်ကန် စွာ ကောက်ယူနိုင်ရေး၊၂၀၂၄ ခုနှစ်အတွင်း သန်းခေါင် စာ ရင်းကောက်ယူမယ့် အစီအစဉ်များ ၊ရွေးကောက်ပွဲ ကျင်းပဖို့လိုအပ်ချက်ရှိတဲ့ အခြေ အနေများကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။



နိုင်ငံရေးပါတီခေါင်းဆောင်တွေကလည်း လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေတွေ၊နိုင်ငံရေးအခင်း
အကျင်းတွေကို ဆွေးနွေးပြောကြားခဲ့ကြတယ်လို့ သိရပါတယ်။



