နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဌအဖြစ်ရွေး ချယ်တင်မြှောက်ခံခဲ့ရသည့် သန်လျင်မင်းကျောင်း ဆရာတော်ဘုရားကြီးအား တရုတ်သံအမတ်ကြီး သွားရောက်ဖူးမြှော်

မတ်(၂၇)၊၂၀၂၄

နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဌအဖြစ်ရွေး ချယ်တင်မြှောက်ခံခဲ့ရတဲ့ သန်လျင်မင်းကျောင်းဆရာတော်အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံအား မတ်လ၂၆ရက်နေ့က မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Chen Hai ဆရာတော်သီတင်းသုံးရာနေရာမှာ သွားရောက်ဖူးမြှော်ကြည်ညိုခဲ့ကြောင်း သိရသည်။

တရုတ်သံအမတ်ကြီး Mr. Chen Haiက တရုတ်- မြန်မာနှစ်နိုင်ငံသည် တောတောင်ရေမြေချင်းဆက်စပ်လျက်ရှိပြီး ဗုဒ္ဓဘာသာကူးလူးဖလှယ်မှု သမိုင်းကြောင်းကြာရှည်ကြောင်း၊ တရုတ်နိုင်ငံက နှစ်နိုင်ငံ ဗုဒ္ဓဘာသာကူးလူးဖလှယ်မှုကို အလွန်အလေးထားကြောင်း၊ လတ် တလောနှစ်ပိုင်းတွင် မြန်မာနိုင်ငံနှင့်အတူလက်တွဲ၍ ပုဂံသဗ္ဗညုဘုရား ပြုပြင်ထိန်းသိမ်းခြင်း၊ ရန်ကုန်မြို့ ဗိုလ်တထောင်စေတီတော် ဆံတော်တိုက် လုံခြုံရေးမှန်တံခါးနှင့် အတွင်းနံရံများ Polycarbonate တပ်ဆင်ခြင်း စသည့်စီမံကိန်းများကို ကူညီလုပ်ဆောင်ခဲ့ကြောင်း၊ ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း မြန်မာနိုင်ငံဆိုင်ရာတ ရုတ်သံရုံးကလည်း မြန်မာနိုင်ငံမှ ဗုဒ္ဓဘာသာဘုရားကျောင်းများအတွက် ကပ်ရောဂါတိုက်ဖျက်ရေးပစ္စည်းများ လှူဒါန်းပေးအပ်ခဲ့ကြောင်း၊၎င်းတို့သည် တရုတ် -မြန်မာနှစ်နိုင်ငံ၏ အပြန်အလှန်ဖေးမကူညီသော အေး အတူပူအမျှအသိုက်အဝန်းစိတ်ဓာတ်ကို ထင်ဟပ်စေကြောင်း၊ သန်လျင်မင်းကျောင်းဆရာတော်ဘုရားကြီးသည် တရုတ်-မြန်မာ ဗုဒ္ဓဘာသာကူးလူးဖလှယ်မှုကို အမြဲတစေအလေးထားကြောင်း၊ ကိုယ်စားလှယ်အဖွဲ့ ဦး ဆောင်ကာ တရုတ်နိုင်ငံသို့သွားရောက်၍ ပဉ္စမအကြိမ်မြောက် ကမ္ဘာ့ဗုဒ္ဓဘာသာဖိုရမ် တက်ရောက်ခဲ့ဖူးကြောင်း၊ သန်လျင်မင်းကျောင်း ဆရာတော်ဘုရားကြီးနှင့် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့၏ ဂရုပြုထောက်ခံအားပေးမှုဖြင့် နှစ်နိုင်ငံက ဗုဒ္ဓဘာသာကူးလူးဖလှယ် ပူးပေါင်းဆောင်ရွက်မှုတွင် တစ်ဆင့်တိုးခိုင်မြဲတိုးတက်လာပြီး တရုတ်-မြန်မာ အေးအတူပူအမျှအ သိုက်အဝန်း တည်ဆောက်မှုအတွက် တစ်တပ်တစ်အား အကျိုးထမ်းဆောင်ပေးမည်ဟု ယုံကြည်ကြောင်း လျှောက်ထားခဲ့သည်။

သန်လျင်မင်းကျောင်းဆရာတော်ကြီးကလည်း တရုတ်နိုင်ငံမှ မိမိတာဝန်ထမ်းဆောင်မှုကို ဂုဏ်ပြုခြင်းနှင့် လတ်တလောနှစ်ပိုင်းအတွင်း မြန်မာနိုင်ငံ ကပ်ရောဂါတိုက်ဖျက်ရေးနှင့် လူမှုရေးပြည်သူ့ဘဝဖွံ့ဖြိုးတိုးတက် မှုအတွက် အင် တိုက်အားတိုက်ကူညီပေးမှုများကို ကျေးဇူးတင်ရှိကြောင်းနှင့် မိမိအကြိမ်များစွာ တရုတ်နိုင်ငံသို့ခရီးစဉ် သွားရောက်ခဲ့သည့်အတွေ့အကြုံကို ပြန်လည်မြွက်ကြားတော်မူခဲ့ပြီး မြန်မာ-တရုတ်နှစ်နိုင်ငံသည် အိမ်နီးချင်းကောင်း၊ ဆွေမျိုး ပေါက်ဖော်ကောင်းဖြစ်ပြီး နက်ရှိုင်းစွာ ဗုဒ္ဓဘာသာကူးလူးဖလှယ်မှုရှိကြောင်း၊ ဗုဒ္ဓဘာသာသည် နှစ်နိုင်ငံပြည်သူများ စိတ် နှလုံးကိုချိတ်ဆက်ပေးသည့် အရေးပါပေါင်းကူးတံတားဖြစ်ကြောင်း၊ မိမိကိုယ်တိုင်သည်လည်း မြန်မာနိုင်ငံ နိုင်ငံ တော်သံဃမဟာနာယကအဖွဲ့နှင့် ဗုဒ္ဓဘာသာဝင်များကိုဦး ဆောင်၍ မြန်မာ-တရုတ်ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှုကို ဖော်ဆောင်ကာ မြန်မာ-တရုတ် နှစ်ထောင်ချီဗုဒ္ဓဘာသာကူးလူးဖလှယ်မှုကို လက်ဆင့်ကမ်းရေးအ တွက် တက်ကြွသည့်အခန်းကဏ္ဍမှပါဝင်သွားမည်ဖြစ်ကြောင်း မြွက်ကြားတော်မူခဲ့သည်။

သန်လျင်မင်းကျောင်းဆရာတော်အား တရုတ်သံအမတ်ကြီးမှ သွားရောက်တွေ့ဆုံရာသို့ တရုတ်သံအမတ်ကြီးနှင့်အတူ သံရုံးမှ သံမှူး Mr. Pan Feng၊ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြုတက္က သိုလ်၊ ဒုတိယပါမောက္ခချုပ် ဦးစိန်မော်၊ မြန်မာ-တရုတ် ဗုဒ္ဓဘာသာချစ်ကြည်နှီးနှောဖလှယ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ဝင်းတို့ လိုက်ပါခဲ့ကြောင်းသိရသည်။

သံအမတ်ကြီး Mr. Chen Hai က သန်လျင်မင်းကျောင်း ဆရာတော်ဘုရားကြီး နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဥက္ကဋ္ဌအဖြစ်တာဝန်ထမ်းဆောင်ခြင်းအတွက် တရုတ်ဗုဒ္ဓ ဘာသာအသင်း၏ ဂုဏ်ပြုလွှာကို လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

Visited 9 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *