နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့ ဖွဲ့စည်း

■ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့အစည်းကို ကာ ကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဥက္ကဌအဖြစ် ဆောင်ရွက်သွားမှာဖြစ်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုအဖွဲ့အစည်းကို ဖေဖော်ဝါရီလ ၁၃ ရက်နေ့က အမိန့်ကြော်ငြာစာအမှတ်(၁/၂၀၂၄)နဲ့ ဖွဲ့စည်းလိုကိပါတယ်။

ဖွဲ့စည်းလိုက်တဲ့ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုမှာဥက္ကဋ္ဌအဖြစ် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေးဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဥက္ကဋ္ဌအဖြစ် ကာကွယ် ရေး ဦးစီးချုပ်ရုံး(ကြည်း) ၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ)၊ အတွင်းရေးမှူးအဖြစ် စစ်ရေးချုပ်၊ တွဲ ဖက်အတွင်းရေးမှူးအဖြစ် ပြည်သူ့စစ်နှင့် နယ်ခြားတပ်များညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူးတို့ကို တာဝန်ပေးအပ်ထားပါတယ်။

ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးဗဟိုမှာ အဖွဲ့ဝင်များအဖြစ် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ နယ်စပ်ရေး ရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ဥပဒေရေးရာဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့ နေချုပ်၊ပြန် ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အာဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး၊ အလုပ်သမားဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး၊ ပ ညာရေးဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး၊ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီး၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး၊ စစ်ထောက်ချုပ်ရုံး စစ်ထောက်ချုပ်၊ တပ်မ တော်လေ့ကျင့်ရေးအရာရှိချုပ်ရုံး တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်၊ ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံး ညွှန်ကြားရေးမှူးတို့ ပါဝင်မှာဖြစ်တယ်လို့ သိ ရပါတယ်။

Visited 7 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *