နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အရန်တပ်ဖွဲ့ဆင့်ခေါ်ရေး ဗဟိုအဖွဲ့ ဖွဲ့စည်း

■အရန်တပ်ဖွဲ့မှာ စစ်မှုထမ်းခြင်းကနေ မိမိဆန္ဒအ လျောက်နှုတ်ထွက်ထားတာ (သို့)အငြိမ်းစားယူထားတဲ့ စစ်မှုထမ်းတစ်ဦးကို တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်က အရန်တပ်ဖွဲ့ဝင်အဖြစ် ခန့်အပ်နိုင်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အရန်တပ်ဖွဲ့ဆင့်ခေါ်ရေး ဗဟိုအဖွဲ့ ကို ကာကွယ်ရေးဝန်ကြီးဌာနကနေ အမိန့်ကြော်ငြာစာ အမှတ်(,၁/၂၀၂၄)နဲ့ ဖေဖော်ဝါရီ လ၁၆ရက်နေ့က ကာကွယ်ရေးဝန်ကြီးဌာနပြည်ထောင် စုဝန်ကြီး လက်မှတ်ထိုးနဲ့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

အရန်တပ်ဖွဲ့ဝင် ဆင့်ခေါ်ရေး ဗဟိုအဖွဲ့မှာ ဥက္ကဋ္ဌအဖြစ် ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ ဥက္ကဋ္ဌက ဒု တိယဥက္ကဋ္ဌ (၁)နဲ့စစ်ရေးချုပ်က ဒုတိယဥက္ကဋ္ဌ (၂) အဖြစ် တာဝန်ယူဆောင်ရွက်မှာ ဖြစ်ပြီးအဖွဲ့ဝင်များအဖြစ် စစ်ဦးစီးအရာရှိချုပ်(ကြည်း)၊ စစ်ဦးစီးအရာရှိချုပ်(ရေ)၊ စစ်ဦးစီးအရာရှိချုပ်(လေ)၊ တွဲဖက်စစ်ရေးချုပ်၊တွဲဖက်စစ်ထောက် ချုပ်၊ ဒုတိယစစ်ရာထူးခန့်ချုပ်၊ တွဲဖက်စစ်ဥပဒေချုပ်၊ ဒုတိ ယတပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်တို့က ဆောင်ရွက်မှာ ဖြစ်ကာအတွင်းရေးမှူးအဖြစ် တပ်မတော်မှတ်တမ်းညွှန်ကြားရေးမှူးရုံးက ညွှန်ကြားရေးမှူးက ဆောင်ရွက်မှာဖြစ်ပြီးတွဲဖက်အတွင်းရေးမှူးအဖြစ် တပ်အင်အားဖြည့်တင်းရေး ညွှန်ကြားရေးမှူးရုံးက ဒုတိယညွှန်ကြားရေးမှူးက တာ ဝန်ယူဆောင်ရွက်မှာဖြစ်တယ်လို့ သိရပါတယ်။

အရန်တပ်ဖွဲ့ဥပေဒအရ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ် ဟာ လေ့ကျင့်ရေးအတွက်ဖြစ်စေ၊ အရေးပေါ်အခြေအနေများအတွက် ဖြစ်စေ၊ စစ်မှုထမ်းဆောင်ဖို့ ဆင့်ခေါ်ခြင်းခံရတဲ့ စစ်မှုထမ်းဆောင်ဖို့ တာဝန်ရှိသူကို တပ်မတော်မှာ တာဝန်ထမ်းဆောင်ချိန်က ခွင့်ပြု ခဲ့တဲ့ နောက်ဆုံးအဆင့်နှင့် စစ်ဝတ်စုံတို့ကို သုံးစွဲ ခွင့်ပြုနိုင်ပြီး အရန်တပ်ဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်နေချိန် ကာ လအတွင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဟာ အ ရန်တပ်ဖွဲ့ဝင်တစ်ဦးရဲ့ တာဝန်ထမ်းဆောင်မှုအပေါ်မူတည်ပြီး ရာထူးနှင့်အဆင့်ကို တိုး မြှင့်ခြင်း သို့မဟုတ် လျှော့ချခြင်းပြုနိုင်ကာ အရန်တပ်ဖွဲ့ဝင် တစ်ဦးဟာ တပ် မတော်မှရရှိတဲ့ အငြိမ်းစားလစာအပြင် တပ်မတော်ကာ ကွယ်ရေး ဦးစီးချုပ်က သတ်မှတ်တဲ့အကျိုး ခံစားခွင့်များကိုလည်း ခံစားနိုင်တယ်လို့ သိရပါတယ်။

အရန်တပ်ဖွဲ့အဖြစ်ဆင့်ခေါ်ခြင်းခံရတဲ့သူဟာ သတ်မှတ်ထားတဲ့ နေရာကို သတ်မှတ်ထားတဲ့အ ချိန်အတွင်း လုံ လောက်တဲ့အကြောင်းပြချက်မရှိဘဲ သတင်းပို့ဖို့ ပျက် ကွက်ခဲ့ပြီး တရားရုံးက ပြစ်မှုထင်ရှား စီရင်ခြင်းခံပါက သုံးနှစ်ထက်မပိုတဲ့ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမှာလို့ သိရပါတယ်။

Visited 4 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *