ရန်ကုန်၊ ဇန်နဝါရီ ၄
နစက ကနေ လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အဖြစ် အ ကျဉ်းသား၊ အကျဉ်းသူ ၉၆၅၂ ဦးနှင့် နိုင်ငံခြားသား အ ကျဉ်းသား၊အကျဥ်းသူ ၁၁၄ ဦးကို ပြစ်ဒဏ်လွတ် ငြိမ်းခွင့်ပြုတယ်လို့ဇန်နဝါရီလ၄ရက်နေ့ မနက်ပိုင်း သ တင်းထုတ်ပြန်ပါတယ်။
အချုပ်ထောင် စခန်းအသီးသီးမှာ ပြစ်ဒဏ်ကျခံလျက်ရှိတဲ့ အကျဉ်းသား/အကျဉ်းသူတွေကို ပြစ်ဒဏ်များအပေါ် လျှော့ညပေါ့တာဖြစ်ပြီး နောက်တစ်ကြိမ် ထပ်မံ ပြစ်မှု ကျူးလွန်ပါက ယခင်ပြစ်ဒဏ်များကိုပါ တစ်ပေါင်းတည်းကျခံရမယ်လို့ သိရပါတယ်။


ပြစ်ဒဏ်ကျခံနေရသည့် နိုင်ငံခြားသား အကျဉ်းသား/အ ကျဉ်းသူ ၁၁၄ ဦး အား ပြစ်ဒဏ်များအပေါ် လျှော့ ပေါ့ ပြစ် ဒဏ် လွတ်ငြိမ်းခွင့်ပြုပြီးပြည်နှင်ဒဏ် ပေး လိုက်ကြောင်း အသိပေးထားပါတယ်။
လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွှတ်ပေးခဲ့သူတွေဟာ ဘယ် လိုပစ်ဒဏ်အမျိုးအစားတွေပါဝင်တယ်ဆိုတာကို အ သေးစိပ်မသိရသေးတာကြောင့် နိုင်ငံရေးအကျဥ်းသားတွေ အများအပြားပါဝင်ဖို့ ပြည်သူတွေမျော်လင့်နေကြတယ်လို့ သိရပါတယ်။



