နိုင်ငံတကာအာကာသ စခန်း ISS ကို ၂၀၃၁ အရောက်မှာ အာကာသထဲကနေ ပစိဖိတ်သမုဒ္ဒရာထဲ ဖျက်ချပြီး အနားပေးလိုက်တော့မယ်လို့ နာဆာက သတင်းထုတ်ပြန်

ဝါရှင်တန်။ဖေဖေါ်ဝါရီ  ၂

နာဆာအဖွဲ့ကြီးရဲ့အစီအစဉ်တစ်ရပ်အရ ISS (International Space Station )လို့အမည်ရတဲ့ နိုင်ငံတကာ အာကာသစခန်းကြီးကို ၂၀၃၀ အကုန်အထိသာ လွတ်တင်ထားမှာဖြစ်ပြီး ၂၀၃၁ အရောက်မှာတော့ ပစိဖိတ်သမုဒ္ဒရာထဲက Point Nemo ဆိုတဲ့ ဝေးလံခေါင်သီပြီး လူသူမရှိတဲ့ နေရာဆီကို ဖျက်ချ ပစ်လိုက်တော်မယ်လို့ သတင်းထုတ်ပြန်လိုက်ပါတယ်။

အဆိုပါ အာကသစခန်းကြီးကို ၂ဝဝဝပြည့်နှစ်ကတည်းက ကမ္ဘာမြေပြင်အထက်၂၂၇မိုင်အကွာ အာကာသထဲ လွတ်တင်ထားတာဖြစ်ပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက အာကာသယာဉ်မှူး ၂ဝဝကျော်နဲ့ အတူ အာကာသထဲ လှည့်ပတ်နေခဲ့တာဖြစ်ပါတယ်။ ဒါဟာ အာကာသထဲမှာ လူသားတွေ စဉ်ဆက်မပြတ်ရှိ နေခြင်းလည်းဖြစ်တယ်လို့ ဆိုပါတယ်။

စခန်းဟောင်းကို ဖျက်ချပြီးတဲ့နောက် နာဆာအနေနဲ့ စီးပွားဖြစ်အကျိူးတူပူးပေါင်းဆောင်ရွက်ခြင်းတွေနဲ့အတူ သိပ္ပံနဲ့သုတေသနလုပ်ငန်းတွေ လုပ်ဆောင်မယ့် အာကာသပလက်ဖေါင်းအသစ်နဲ့ အစားထိုးမယ်လို့ သိရပါတယ်။

Ref : CNN

Visited 12 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *