နိုင်ငံတကာအလှမယ် Miss Grand International 2023 ပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြုအလှမယ်က Titleဆုနှစ်ဆု ဆွတ်ခူးရရှိထား

ဗီယက်နမ်နိုင်ငံ၊ဟိုချီးမင်းမြို့မှာ အောက်တိုဘာ၂၅ရက်ညပိုင်းက ကျင်းပနေတဲ့ နိုင်ငံတကာအလှမယ် Miss Grand International 2023 ပြိုင်ပွဲမှာ မြန်မာနိုင်ငံကိုယ်စားပြုအလှမယ်နီနီလင်းအိမ်က Titleဆုနှစ်ဆု ဆွတ်ခူးရရှိထားပါတယ်။

မြန်မာနိုင်ငံကိုယ်စားပြုအလှမယ်နီနီလင်းအိမ်ဟာ ပြိုင်ပွဲမှာ Titleဆုနှစ်ဆုဖြစ်တဲ့ 𝗖𝗼𝘂𝗻𝘁𝗿𝘆’𝘀 𝗣𝗼𝘄𝗲𝗿 𝗼𝗳 𝘁𝗵𝗲 𝗬𝗲𝗮𝗿 နဲ့ 𝗠𝗶𝘀𝘀 𝗣𝗼𝗽𝘂𝗹𝗮𝗿 𝗩𝗼𝘁𝗲 စတဲ့ Titleဆုကြီးနှစ်ခုကို ဆွတ် ခူး ရရှိထားပြီး နောက်ဆုံးဆန်ခါတင် ၁၀ဦးအဆင့်ထိတက်ရောက်လာပြီလို့လည်း သိရပါတယ်။

Miss Grand International 2023 ပြိုင်ပွဲရဲ့ နောက်ဆုံးဆန်ခါတင်၁၀ဦးအဆင့်ကို မြန်မာနိုင်ငံအပါအဝင် ထိုင်း၊ဗီယက်နမ်၊အင်ဒိုနီးရှား၊အမေရိကန်၊ပီရူး၊ကိုလံဘီယာ၊နယ်သာလန်၊ဒိုမီနီကန်နဲ့အန်ဂိုလာ နိုင်ငံတို့က အလှမယ်တွေ တက်ရောက်လာတယ်လို့ သိရပါတယ်။

Miss Grand International 2023 ပြိုင်ပွဲကြီးဟာ ဆက်လက်ယှဥ်ပြိုင်နေဆဲဖြစ်ပြီး မြန်မာနိုင်ငံကိုယ်စားပြုအလှမယ်နီနီလင်းအိမ်ဟာ winnerဆု ရရှိနိုင်ဖို့ အကြိတ်အနယ်ဆက်လက်ယှဥ်ပြိုင်နေဆဲ ဖြစ်ပါတယ်။

Visited 2 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *