နိုင်ငံတကာရာဇ၀တ်တရားရုံး(ICC)ရဲ့ အစိုးရရှေ့နေက နေတန်ရာဟုကို  ဖမ်းဝရမ်းလျှောက်ထား

နေတန်ရာဟုက “စက်ဆုပ်ရွံရှာဖွယ်” ဆိုပြီး ပယ်ချ

ဂျေရုစလင်၊ မေ ၂၁

ဂါဇာမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကြားက စစ်ရာဇ၀တ်မှုတွေနဲ့ နှင့်ပတ်သက်ပြီး အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟုကို ဖမ်းဝရမ်းထုတ်ဖို့  နိုင်ငံတကာရာဇ၀တ်တရားရုံး(ICC)ရဲ့  အစိုးရရှေ့နေက လျှောက်ထားတာကို အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ရာဟုက   တနင်္လာနေ့ (မေလ ၂၀ ရက်) က ပယ်ချခဲ့ပါတယ်။

အစိုးရရှေ့နေကယ်ရင် ခန်းက နေတန်ယာဟုနဲ့ ကာကွယ်ရေးဝန်ကြီး  ယို့ ဂဲလန့် တို့အပြင် စစ်ရာဇ၀တ်မှုတွေနဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့  ရာဇ၀တ်မှုတွေအပေါ် သံသယရှိနေတဲ့  ဟားမတ်စ်ထိပ်တန်းခေါင်းဆောင် သုံးယောက် ကိုပါ ဖမ်းဝရမ်းလျှောက်ထားခဲ့တာ ဖြစ်ပါတယ်။

“ဒီမိုကရက်တစ် အစ္စရေးနဲ့ ဟားမတ်စ်ကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တဲ့ The Hague အစိုးရရှေ့နေရဲ့ နှိုင်းယှဥ်မှုကို ကျွန်တော် ရှုတ်ချပါတယ်” လို့  နေတန်ယာဟုက တရားရုံး အခြေစိုက်ရာ နယ်သာလန်ရှိ မြို့တော်ကို ရည်ညွှန်းပြီး ကြေညာချက်ထုတ် ဖော်ပြထားပါတယ်။

“မင်းဟာ ဟားမတ်စ် ဘီလူးတွေကို ကမ္ဘာပေါ်မှာ ကိုယ်ကျင့်တရား အရှိဆုံး စစ်တပ်ဖြစ်တဲ့ IDF (အစ္စရေးစစ်တပ်) ရဲ့ စစ်သားတွေနဲ့ ဘယ်လို ရဲရင့်မှုမျိုးနဲ့ နှိုင်းယှဉ်ဝံ့တာလဲ” ဆိုပြီးလည်း အစိုးရရှေ့နေကို နေတန်ယာဟုက တုန့်ပြန်ပြောဆိုခဲ့တယ်လို့လည်း သိရပါတယ်။

Ref:  CAN

ပုံစာ။ အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟု

Feature Image Credit: AFP/AMIR COHEN

Visited 11 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *