ဒီဇင်ဘာ၊၁၁
ကမ္ဘာတစ်ဝှမ်းရှိ ကလေးသူငယ်များအား အကူအညီပေးရေးဆိုင်ရာ နိုင်ငံတကာဈေးရောင်းပွဲတော် (International Festival Charity Bazaar 2023) UNWGရဲ့နိုင်ငံတကာဈေးရောင်းပွဲတော်မှာ မြန်မာသံရုံးအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံးကပါဝင်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။



ကမ္ဘာတစ်ဝှမ်းရှိ ကလေးသူငယ်များအား အကူအညီပေးရေးဆိုင်ရာ နိုင်ငံတကာဈေးရောင်းပွဲတော် (International Festival Charity Bazaar 2023)ရဲ့ ဖွင့်ပွဲအခမ်းအနားကို ဒီဇင်ဘာလ၈ရက်နေ့၊ ညနေပိုင်းကဩစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့ရှိ Austria Center မှာကျင်းပခဲ့တာဖြစ်ပါတယ်။
UNWGရဲ့ နိုင်ငံတကာဈေးရောင်းပွဲတော်မှာမြန်မာသံရုံးအဖွဲ့ရုံးအပါအဝင် နိုင်ငံပေါင်း (၄၈) နိုင်ငံမှ သံရုံး အဖွဲ့ရုံးများ ပါဝင်ဆင်နွှဲကြပြီး ရိုးရာပစ္စည်းများ၊ အစားအ သောက်များ ရောင်းချလျက် ရရှိငွေများ ကို UNWG သို့ ပေးအပ်လှူဒါန်းခဲ့ကြတယ်လို့ မြန်မာနိုင်ငံ၊နိုင်ငံခြား ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။



