နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီ ပြန်လည် ပြင်ဆင်ဖွဲ့စည်း

နစကက နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီကို စက်တင်ဘာလ၁၈ရက်၊အမိန့် အမှတ်(၈၃/၂၀၂၃)နဲ့ ပြန်လည် ပြင်ဆင်ဖွဲ့စည်းခဲ့တယ်လို့သိရပါတယ်။

ပြင်ဆင်ဖွဲ့စည်းခဲ့တဲ့ နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီမှာ ဥက္ကဋ္ဌအဖြစ် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးနဲ့အဖွဲ့ဝင်များအဖြစ် ဝန်ကြီးဦးဝင်းရှိန်၊နစကအကြံပေးဒုတိယဗိုလ်ချုပ်ကြီးညိုစော၊ဝန်ကြီးဦးအောင်နိုင်ဦး၊ဗဟိုဘဏ်ဥက္ကဋ္ဌဒေါ်သန်းသန်းဆွေ၊ဝန်ကြီးဒေါက်တာကံဇော်တို့ ဆက်လက်ပါဝင်ခဲ့ပါတယ်။

နစကဟာ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် နိုင်ငံခြားငွေလဲလှယ်နှုန်းတည်ငြိမ်စေရေးနှင့် နိုင်ငံခြားငွေအား ထိရောက်စွာအသုံးပြုနိုင်ရေးအတွက် လိုအပ်သောလုပ်ငန်းတာဝန်များကို အကောင်အထည်ဖော်နိုင်ဖို့အတွက် နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီကို ၂၀၂၂ ခုနှစ်၊ ဧပြီလကစတင်ဖွဲ့စည်းပြီးကော်မတီဥက္ကဋ္ဌအဖြစ်ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းက ဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီး ဝန်ကြီးဦးဝင်းရှိန်၊ ဝန်ကြီးဒေါက်တာပွင့်ဆန်း၊ဒေါက်တာကံဇော်၊ ဦးသန်းညိန်း၊ဦးအောင်နိုင်ဦးတို့နဲ့ ဖွဲ့စည်းခဲ့တာပါ။

ပြီးခဲ့တဲ့၂၀၂၃ဇူလိုင်လကလည်း နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီကို ပြင်ဆင်ဖွဲ့စည်းရာမှာလည်း ကော်မတီဥက္ကဋ္ဌအဖြစ်ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကပဲ ဥက္ကဋ္ဌအဖြစ် ဆက်လက်တာဝန်ပေးခဲ့ပြီး အဖွဲ့ဝင်များအဖြစ် ဝန်ကြီးဦးဝင်းရှိန်၊ နစကဥက္ကဋ္ဌအကြံပေး ဒုတိယ ဗိုလ်ချုပ်ကြီးညိုစော၊ ဝန်ကြီးဦးအောင်နိုင်ဦး၊ ဗဟိုဘဏ်ဥက္ကဋ္ဌဒေါ်သန်းသန်းဆွေ၊ ဝန်ကြီးဒေါက်တာကံဇော်တို့ကို တာဝန်ပေးခဲ့တာပဲဖြစ်ပါတယ်။

လတ်တလောအချိန်မှာတော့ နိုင်ငံခြားသုံးငွေ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌတာဝန်ကနေ ဖယ်ရှားခံခဲ့ရတဲ့ ဒုတိယဗိုလ်ချုပ်ကြီးမိုးမြင့်ထွန်း၊ဗိုလ်ချုပ်ရန်နောင်စိုးအပါအဝင် အခြားသောတာဝန်ရှိသူများနဲ့လုပ်ငန်းရှင်များကို နစကက ခေါ်ယူစစ်ဆေးမေးမြန်းမှုတွေ ပြုလုပ်နေတယ်လို့လည်း ကြားသိရပါတယ်။

Visited 1 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *