
Photo Credit: Youtube/Fidias
တိုကျို၊ အောက်တိုဘာ ၂၄
ဖော်လိုဝါ ၂ ဒဿမ ၄သန်းရှိတဲ့ နိုင်ငံခြားသား ယူကျူဘာ တစ်ယောက်နဲ့ သူ့အဖော်သုံးယောက်က တိုကျိုမြိုက ရထားနဲ့ ဘတ်စ်ကားတွေကို သီတင်း တစ်ပတ်ကြာ ပိုက်ဆံမပေးဘဲ ရအောင် စီးခဲပြီးတဲ့ နောက် သူတို့ ဗီဒီယို ကို လိုင်းပေါ်တင်ခဲ့ လို့ အတော်လူပြောများနေခဲ့ပါတယ်။
သူတို့ အဖွဲ့ဟာ ဂျပန်နိုင်ငံထဲမှာပဲ ရှိနေသေးလား ဆိုတာရယ် ရဲတပ်ဖွဲက ဘယ်လို အရေးယူမယ် ဆိုတာတွေ ကတော့ တိတိ ကျကျ မသိရသေးဘူးလို့ သတင်းတွေမှာ ဖော်ပြကြပါတယ်။
ယူကျူဘာနဲ့ သူ့အဖွဲ့က ဂျပန်နိုင်ငံထဲမှာ ရထားနဲ့ ကားတွေ အခမဲ့စီးနင်းနေတဲ့ ဗီဒီယိုတစ်ခုကို တင်ခဲ့ပြီး တဲ့နောက် အောက်တိုဘာလ ၂၄ ရက် အင်္ဂါနေ့မှာ တောင်းပန်စကားဆိုခဲ့တယ်လို့ သိရပါတယ်။
ဒီအဖြစ်အပျက်ဟာ ကျော်ကြားမှုကို ရှာဖွေနေတဲ့ နိုင်ငံခြားသားတွေရဲ့ ချိုးဖောက်မှု နောက်ဆုံးနမူနာ ဖြစ်လာခဲ့ တယ်လို့ ဂျပန် ပြည်တွင်းက သတင်းတွေမှာ ဖော်ပြကြပါတယ်။။
အသုံးပြုသူအမည် Fidias ဆိုပြီး လူသိများတဲ့ ယူကျူဘာက သူ့ရဲ့ ဗီဒီယိုထဲမှာ ကျည်ဆန်ရထားရဲ့ အိမ်သာထဲမှာ ပုန်းနေ ပြီး လက်မှတ်စစ်နဲ့ တိုးတဲ့အခါ နေမကောင်းဟန်ဆောင်တဲ့ လှည့်ကွက်ကို သုံးခဲ့တာ မြင်တွေ့ကြရ ပါ တယ်။
တခြားဗီဒီယိုတစ်ခုမှာတော့ သူက နံနက်စာအလကား စားရဖို့ ဟိုတယ်တစ်ခုထဲကိုဝင်ပြီး ဧည့်သည်တစ် ယောက်အနေနဲ့ ဟန်ဆောင်ခဲ့ပါတယ်။
“ကြယ်ငါးပွင့် ဂျပန်ဘူဖေးဆိုင်ကို ကျွန်တော် ဝင်ခွင့်ရခဲ့တယ်။ ပြဿနာတစ်စုံတစ်ရာမရှိဘဲ ဟိုတယ်က ထွက်လာခဲ့တယ်” လို့ သူက ဗီဒီယို ထဲမှာ ရိုက်ပြပြီး တင်ခဲ့ပြန်ပါတယ်။
ဒီနေ့ အထိ အဲ့ဒိယူကျူဘာနဲ့ အဖော်သုံးယောက်က ဘယ်နေရာမှာဆိုတာ ဖော်ထုတ်နေတုန်းလို့ တာဝန်ရှိ သူတွေက ပြောပါ တယ်။
ဒေသဆိုင်ရာ ရထားအော်ပရေတာ မစ္စတာ ကျူရူ့ ကတော့ ဗီဒီယိုကို လေ့လာနေတယ်လို့ ပြောပါတယ်။
ဒိဖြစ်ရပ်နဲ့ ပတ်သက်ပြီး တာဝန်ရှိတဲ့ သူတစ်ယောက်ကလည်း “ကျွန်တော်တို့ ဒီအမှုကို သေသေချာချာ သိရဖို့ ဖြစ်ရပ် မှန်တွေကို စုံစမ်းစစ်ဆေးနေပါတယ်” ဆိုပြီး AFP ကို ပြောပါတယ်။
ဆိုရှယ်မီဒီယာတွေပေါ်မှာတော့ လက်ခုပ်တီး ဩဘာပေးနေတဲ့ အုပ်စုရှိနေသလို ရာဇဝတ်မှုတွေ ကို တားဆီးနိုင်ဖို့ ဒီ လူ တွေကို ဖမ်ဆီးအရေးယူသင့်တယ့်လို ဆိုတဲ့ အုပ်စု နှစ်စု ကွဲနေတယ်လို့လည်း သိရပါတယ်။
ReF: AFP/at
ပုံစာ။ ကြယ်ငါးပွင့်အဆင် ဟိုတယ်က ဘူဖေးဆိုင်မှာ ငွေမပေးဘဲ ဝင်စားနေတဲ့ ယူကျူဘာ
Feature Image Credit: Youtube/Fidias