နိုင်ငံခြားငွေများကို ခွင့်ပြုချက်/လိုင်စင် မရှိဘဲ လက်ဝယ်ကိုင်ဆောင်ထားပါကနိုင်ငံခြား သုံးငွေစီမံခန့်ခွဲ မှုဥပဒေအရ အရေးယူမည်

မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ အများပြည်သူ များအနေဖြင့် ခွင့်ပြုချက်/လိုင်စင် မရှိဘဲ နိုင်ငံခြား ငွေများ လက်ဝယ်ကိုင်ဆောင်ထား သည်ကိုတွေ့ရှိပါက နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှု ဥပဒေအရ အရေးယူ မည်ဖြစ်ကြောင်း သြဂုတ်လ၂၁ရက်နေ့က ကြေညာချက်တစ် စောင် ထုတ်ပြန်ခဲ့သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ၃၀-၉- ၂၀၁၄ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည့် အမိန့် ကြော်ငြာစာ အမှတ် ၇/၂၀၁၄ နိုင်ငံခြား သုံးငွေစီမံခန့်ခွဲမှုစည်းမျဉ်းအပိုဒ် ၁၅ တွင် “ပြည်တွင်း၌နေထိုင်သူ တစ်ဦးသည် တရားဝင်နည်းလမ်းဖြင့်ရရှိထားသည့် အမေ ရိကန်ဒေါ်လာ ၁၀,၀၀၀/- အထိ သို့ မဟုတ် ယင်းနှင့်ညီမျှသောငွေထက် မပို သော နိုင်ငံခြားငွေများကို လက်ခံရရှိ သည့်နေ့မှ ၆ လ အတွင်း ကိုင်ဆောင် ခွင့်ရှိသည်။

ယင်း ၆ လကာလကျော်သည်အထိ အသုံးမပြုဘဲရှိနေသည့် နိုင်ငံ ခြားငွေများအား နိုင်ငံခြားသုံးငွေလုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင်ရရှိသူများထံတွင် ဈေးကွက်ပေါက် ဈေးဖြင့် ရောင်းချလဲ လှယ်ခြင်း သို့မဟုတ် ဘဏ်စာရင်းသို့ ထည့်သွင်းခြင်း ဆောင်ရွက်ရမည် ဖြစ် ကြောင်း” အတိအလင်း ဖော်ပြထား ကြောင်း သိရသည်။

နိုင်ငံခြားသုံးငွေစီမံခန့်ခွဲ မှုဥပဒေတွင် မည်သူမဆို ပုဒ်မ ၃၈ ပါ တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှု ထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူအား သုံးနှစ်ထက်မပိုသည့် ထောင်ဒဏ် ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး

ဖြစ်စေ ချမှတ်ရမည့်ပြင် သက်သေခံ ပစ္စည်းများကိုလည်း ပြည်သူ့ဘဏ္ဍာ အဖြစ် သိမ်းဆည်းရန် အမိန့်ချမှတ် ရမည်။နိုင်ငံခြားသုံးငွေလုပ်ငန်း လုပ်ကိုင် ခွင့်လိုင်စင်ရရှိသူ မည်သူမဆို ပုဒ်မ ၃၉ ပါတားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန် ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရ လျှင် ထိုသူအား သုံးနှစ်ထက်မပိုသည့်ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ် နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည့်ပြင် သက်သေခံပစ္စည်းများကိုလည်း ပြည် သူ့ဘဏ္ဍာအဖြစ်သိမ်းဆည်းရန် အမိန့် ချမှတ်ရမည်။

နိုင်ငံခြားသုံးငွေလုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင်ရရှိသူ မည်သူမဆို ပုဒ်မ ၄ဝ သို့မဟုတ်၄၁ ပါ တားမြစ်ချက် တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်းပြစ်မှုထင်ရှားစီရင်ခြင်းခံရ လျှင် ထိုသူအား တစ်နှစ်ထက်မပိုသည့် ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ် နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟု ပြ ဌာန်းထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *