နိုင်ငံခြားငွေကို စျေးကွက်ပေါက်စျေးအတိုင်း လွတ် လပ်စွာ ရောင်းဝယ်နိုင်ပြီဖြစ်

မြန်မာနိုင်ငံအတွင်းက နိုင်ငံခြားသုံးငွေများ ရောင်းဝယ် ဖောက်ကားတဲ့လုပ်ငန်း (AD) လိုင်စင်ရဘဏ်များအနေနဲ့နိုင်ငံခြားငွေကို စျေးကွက်ပေါက်စျေးအတိုင်း လွတ် လပ်စွာရောင်းဝယ်နိုင်တယ်လို့ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဒီဇင်ဘာလ၅ရက်မှာ ညွှန်ကြားချက်တစ်စောင် ထုတ်ပြန်ပြီး ခွင့်ပြုပေးခဲ့တာဖြစ်ပါတယ်။

နိုင်ငံခြားသုံးငွေများရောင်းဝယ်ဖောက်ကားခွင့် (AD) လိုင်စင်ရဘဏ်များအနေနဲ့ နိုင်ငံခြားငွေကြေးဈေးကွက် (Online Trading)မှာ အရောင်းအဝယ်ပြုလုပ်တဲ့အခါ ငွေ လဲလှယ်နှုန်းကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်က သတ်မှတ်ပေးမှာမဟုတ်ဘဲ ဈေးကွက်အတွင်း နိုင်ငံခြား ငွေရောင်းချလိုသူနဲ့ဝယ်ယူလိုသူတို့က တင်သွင်းလာတဲ့ ငွေလဲလှယ်နှုန်းပေါ် မူတည်ပြီး Market rate အတိုင်း လွတ်လပ်စွာ ဆောင် ရွက်နိုင်တယ်လို့ ဗဟိုဘဏ်က ညွှန်ကြားခဲ့တာဖြစ်ပါတယ်။

ဗဟိုဘဏ်အနေနဲ့ ဈေးကွက်အတွင်း ဝယ်ယူရရှိခဲ့တဲ့ နိုင်ငံခြားငွေကို ပြည်ပလွှဲပြောင်းရာမှာ နိုင်ငံခြား သုံးငွေကြီးကြပ်မှုကော်မတီက သတ်မှတ်ထားတဲ့ လုပ်ထုံးလုပ် နည်းများနှင့်အညီ လွှဲပြောင်းပေးဖို့လည်း ညွှန်ကြားထားပါတယ်။

Visited 48 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *