နိုင်ငံကျော်အဆိုတော်ကြီး စိမ်းမို့မို့ ဇွန် လ၂၃ရက်နေ့က ကွယ်လွန်သွားတယ်လို့ အ ဆိုတော်အသိုင်းအဝိုင်းက သိရပါတယ်။
အဆိုတော်စိမ်းမို့မို့ ကွယ်လွန်ခဲ့တာနဲ့ ပတ် သက်ပြီး နိုင်ငံကျော်အဆိုတော်တင်ဇာမော် က“ ချစ်ရတဲ့ မမို့(စိမ်းမို့မို့)သံသရာ တစ် ကွေ့မှာ ခဏလေးဆုံတွေ့ခဲ့ကြရတယ်။ ချစ် ချစ်ခင်ခင်ရှိခဲ့ကြတဲ့အချိန်တွေအပေါ် အမြဲတန်ဖိုးထားပါတယ်။မမြဲတဲ့ နှိပ်စက် တတ်တဲ့ ခန္ဓာ ရခြင်းမှ လွတ်မြောက်ရာသို့ ရောက်ရှိစံစားနိုင်ပါစေ´´လို့ သူ့ရဲ့လူမှုကွန် ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။
နိုင်ငံကျော်အဆိုတော်ယုဇနကလည်း“ချစ်ခင်လေးစားရပါသော အန်တီမို့(စိမ်းမို့မို့) ဆုံး ပါးသွားတဲ့အတွက် များစွာစိတ်မကောင်း ဖြစ်ရပါတယ်၊ သီချင်းတွေအတူဆိုခဲ့ကြဖူး တယ်။ဆုံးမစကားတွေလည်းနားထောင်ခဲ့ဖူးတယ်။အန်တီမို့သီချင်းဆိုလိုက်တိုင်း အသံ အားကောင်းကောင်းနဲ့ နားထောင်ကောင်း လွန်းလို့အားကျခဲ့ရပါတယ်။အမြဲအပြုံးချိုချိုလေးနဲ့ စိတ်သဘောလှတဲ့အန်တီမို့ အေးချမ်း တဲ့ဘုံဘဝသိုရောက်ရှိပါစေ´´လို့ လူမှုကွန် ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။

