
ရန်ကုန် ၊ ဖေဖေါ်ဝါရီ၂၂
မြန်မာနိုင်ငံကူးလက်မှတ်တွေကို Online Booking စနစ်သစ်နဲ့ ဖေဖော်ဝါရီလ၂၄ရက်က စတင် လျှောက်ထားနိုင်တဲ့ အကြောင်းသက်ဆိုင်ရာရဲ့သတင်းထုတ်ချက်အရ သိရပါတယ်။
Online Booking စနစ်သစ်ကို မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး(ရန်ကုန်) ကသာ စတင်ကျင့်သုံးမှာ ဖြစ်ပြီး www.passport.gov.mm Websiteက တဆင့် အချိန်အကန့်အသတ်မရှိဘဲ အလွယ်တကူ လျှောက်ထားနိုင်ပြီး ကုန်ကျ စရိတ်ကို သတ်မှတ်နှုန်းထားအတိုင်း တစ်ပါတည်း ပေးချေရမှာ ဖြစ်ပါတယ်။
Online Booking လျှောက်ထားဖို့အတွက် အခက်အခဲရှိသူတွေအနေနဲ့ သက်ဆိုင်ရာမြို့မရဲစခန်းတွေမှာ အကူအညီ တောင်းခံလျှောက်ထားနိုင်ပြီး မည်သူမဆို လွယ်ကူစွာ လျှောက်ထားနိုင်ဖို့စီစဉ်ထားရှိကာ ကြားခံပွဲစားတွေနဲ့ အခကြေး ငွေပေးဆောင်ပြီး လျှောက်ထားတာတွေ မပြုလုပ်ဖို့ လိုတယ်လို့ သိရပါတယ်။
Online Booking စနစ်သစ်ကို မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံး(ရန်ကုန်)မှာသာ ပြုလုပ်ပေးမှာ ဖြစ်ပြီး ကျန်တဲ့ ပြည်နယ်နဲ့တိုင်းဒေသကြီးတွေကမြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးခွဲတွေကတော့ယခင်လျှောက်ထားမှုလုပ်ငန်းစဉ်အတိုင်း ဆောင်ရွက်ပေးသွားမယ်လို့လည်း သိရပါတယ်။