နိုင်ဂျီးရီးယားမှာ မွေးနေ့ပါတီကို အရံတပ်ဖွဲ့က ဝင်ရောက် စီးနင်းအပြီး လိင်တူချစ်သူ ၇၆ယောက်ကိုပါ ဖမ်းဆီးထား

ဂွမ်ဘီ( နိုင်ဂျီးရီးယား)၊ အောက်တိုဘာ ၂၆

နိုင်ဂျီးရီးယားနိုင်ငံမြောက်ပိုင်း ဒေသမှာ ကျင်းပနေတဲ့  လိင်တူချစ်သူများ မွေးနေ့ပါတီပွဲကို တက်ရောက်လာ တဲ့သူ ၇၆ယောက် ကို ဖမ်းဆီးထားကြောင်း နိုင်ငံ အရံအေဂျင်စီက သတင်း ထုတ်ပြန်ပါတယ်။

ဒီ မွေးနေ့ပါတီမှာ  ပွဲစီစဉ်သူဟာ  တရားမဝင်တဲ့ လိင်တူလက်ထပ်ပွဲ တစ်ခု့ကိုပါကျင်းပဖို့ စီစဉ်ထားတဲ့ အကြောင်း လည်း ထည့်သွင်းဖော်ပြထားပါတယ်။

ဩဂုတ်လတုန်းကလည်း  ဒယ်လ်တာပြည်နယ်တောင်ပိုင်း ဝါရီဆိုတဲ့ ဒေသမှာ လိင်တူလက်ထပ်ပွဲတစ်ခုကို ရဲတွေက ဝင်ရောက်စီးနင်းပြီးနောက် LGBTQ  တွေကို  ပစ်မှတ်ထား ဖမ်းဆီးခဲ့ပါသေးတယ်။ ဒိနောက်တော့ အားလုံးကို အာမခံနဲ့ ပြန်လွတ်လိုတ်တယ်လို့ ဆိုပါတယ်။ အခု တစ်ခေါက်ကတော့ ဖမ်းဆီးခဲ့တဲ့သူ အတော်များတယ်လို့လည်း ပြောကြပါတယ်။

နိုင်ဂျီးရီးယားနိုင်ငံအပါအဝင်  အာဖရိကရဲ့  နေရာအများစုမှာ လိင်တူဆက်ဆံခြင်းကို လက်ခံနိုင်ဖွယ်မရှိဘူးလို့ ယေဘုယျ အနေနဲ့ ရှုမြင်ကြလို့  နိုင်ငံတကာက ပြစ်တင်ရှုတ်ချတာတွေရှိပေမယ့်လည်း ၂၀၁၄ ခုနှစ် အရောက်မှာ တော့ လိင်တူချစ်သူ ဆန့်ကျင်ရေးဥပဒေဟာ  အသက်ဝင်ခဲ့ပါတယ်။

မွတ်ဆလင် အများစု နေထိုင်တဲ့ ဂွမ်ဘီ ပြည်နယ်က နိုင်ဂျီးရီးယား လုံခြုံရေးနဲ့ အရပ်ဘက် ကာကွယ်ရေး တပ်ဖွဲ့ (NSCDC) ရဲ့  ပြောရေးဆိုခွင့်ရှိသူ ဘူဟာရီ ဆတ် က သူတို့  အေဂျင်စီဟာ လိင်တူဆက်ဆံသူတွေ တက်ရောက်နေတဲ့ ပါတီပွဲကို ဝင်ရောက်စီးနင်းခဲ့တယ်လို့ ပြောပါတယ်။

လိင်တူဆက်ဆံကြောင်း သံသယရှိသူ  အမျိုးသမီး ၁၇ယောက် ပါအဝင် အမျိုးသား ၅၉ ယောက်ကို ဖမ်းဆီးထား တယ်လို့ လည်း မစ္စတာ ဆတ်က ပြောပါတယ်။

အာဖရိက ရဲ့  လူဦးရေအများဆုံးနိုင်ငံ နိုင်ဂျီးရီးယားမှာ လိင်တူချစ်သူ ဆန့်ကျင်ရေးဥပဒေပြဌါန်းထားသလို  ပြစ်ဒဏ်ကျူး လွန်မယ်ဆိုရင်  ထောင်ဒဏ် ၁၄ နှစ်အထိ ချမှတ်နိုင်ပြီး လိင်တူလက်ထပ်တာ၊ လိင်တူဆက်ဆံတာနဲ့ လိင်တူအခွင့်အရေးအဖွဲ့ တစ်ခုခု မှာ အဖွဲ့ဝင်ခြင်းကိုပါ တားမြစ်ထားတယ်လို့ သိရပါတယ်။

Ref: CNN

ပုံစာLGBTQ မှတ်တမ်းတင် ရိုက်ကွင်းတစ်ကို တွေ့ရပုံ

Feature Image Credit: The New York Times

Visited 10 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *