နိုင်ဂျီးရီးယားနိုင်ငံမှာ ရေကြီးရေလျှံ လူရာနဲ့ချီသေဆုံး ၁ဒဿမ ၄ သန်းကျော်က အိုးမဲ့အိမ်မဲ့ဖြစ်

နိုင်ဂျီးရီးယားနိုင်ငံ မြို့လယ်ခေါင်မှာ ရေတွေလျှံတက်နေတဲ့ မြင်ကွင်းတစ်ခု
 Photo Credit: Fatai Campbell/AP

အဘူဂျာ(နိုင်ဂျီးရီယား)၊ အောက်တိုဘာ ၁၃

လူ ၁ဒဿမ၄သန်းကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ ရပြီး လူ ၅၀၀ ဝန်းကျင်အသက်ဆုံးရှုံးခဲ့ရတဲ့ ရေကြီးရေလျှံမှုတစ်ခု  ဖြစ်ပွားခဲ့တယ်လို့ နိုင်ဂျီးရီးယားနိုင်ငံ လူသားချင်းစာနာ ထောက်ထားမှု ဝန်ကြီးဌာန တာဝန်ရှိ သူတွေက ပြီးခဲ့တဲ့ ကြာသပတေးနေ့ အောက်တို ဘာ၁၃ ရက်နေ့က ပြောကြားပါတယ်။

ဖော်ပြတဲ့ သတင်းတွေအရ အောက်တိုဘာ၁၁ရက်နေ့အထိလူပေါင်း ၇၉၀၂၅၄ ဦး ဟာ သူတို့ရဲ့ အိမ်တွေရှိတဲ့ နေရာကနေရွှေ့ပြောင်းခဲ့ရပြီးလူပေါင်း၁၅၄၆ဦးဒဏ်ရာရခဲ့တယ်လို့သဘာဝဘေးနဲ့ လူသားချင်းစာနာမှုရေးရာ ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် နဇီး ဇာနီ ဂွာဇို က ပြောပါတယ်။

သတင်းထုတ်ပြန်ချက်တွေမှာလည်း နေအိမ်၄၅,၂၄၉လုံးနဲ့ လယ်မြေ ၇၀,၅၆၆ ဟက်တာ က လုံးဝကို ပျက်စီးခဲ့ပြီး လယ်မြေ ၇၆,၁၆၈ ဟက်တာ ကတော့ တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့တဲ့အကြောင်း ဖော်ပြထားတာကို တွေ့ရပါတယ်။

ဖော်ပြထားတဲ့ ကိန်းဂဏန်းတွေအရ  ၂၀၂၂ ထဲမှာ နိုင်ဂျီးရီးယားရဲ့ ဆိုးရွားတဲ့ရေလွှမ်းမိုးမှု ကြောင့် လူ အသေအပျောက်နဲ့ အိုးမဲ့အိမ်မဲ့ဖြစ်တာတွေ သိသိသာသာ တိုးလာတယ်လို့လည်း ဆိုပါတယ်။ နိုင်ငံရဲ့အမျိုးသား အရေးပေါ်စီမံခန့်ခွဲမှုအေဂျင်စီ (NEMA) ကအနည်းဆုံးလူ ၃၀၀ သေဆုံးပြီးအခြား ၁၀၀၀၀၀ ကျော်ဟာ မိုးရာသီ အစကတည်းကနေရပ်စွန့်ခွာခဲ့ရတဲ့ အကြောင်းသတင်းထုတ်ပြန်ခဲ့ပါတယ်။

ရေကြီးရတဲ့အကြောင်းရင်းက ကိုဂီ ပြည်နယ်က မြစ်ကြီးနှစ်စင်းဖြစ်တဲ့ နိုက်ဂျာနဲ့  ဘန့်ဝီ တို့ အပေါ် အများကြီး မူတည်နေပြီး အိမ်နီးချင်းနိုင်ငံ ကင်မရွန်းမှာရှိတဲ့ ဆည်တွေဆီက လျှံကျလာတဲ့ ရေတွေကြောင့်ရယ်  မိုးဆက်တိုက်ရွာသွန်းတာတွေရယ်က ရေလွှမ်းမိုးရတဲ့ အဓိက အကြောင်းရင်းတွေလို့ NEMA ကပြောတဲ့ အချက်အလက်တွေအရသိရပါတယ်။

Ref: CNN

၂၀၂၂ ခုနှစ်စက်တင်ဘာလ ၂၇ ရက်က ကိုဂီ ပြည်နယ်ရဲ့ မြို့တော် လိုကိုဂျာမှာရှိတဲ့ စျေးတစ်ခု ရေ မြုပ်နေပုံ
Photo Credit: Abubakar Abdullahi
Visited 1 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *