နာမည်ကြီး အထည်ချုပ်လုပ်ငန်းတွေဖြစ်တဲ့ ဂျပန် Uniqlo နဲ့ ယူကေ Marks & Spencer တို့ မြန်မာဈေးကွက်ကနေ ထွက်ခွာ

မြန်မာနိုင်ငံက အထည်ချုပ်စက်ရုံတစ်ခုရဲ့ လုပ်ငန်းခွင်တစ်ခု
Photo Credit: Reuters

ရန်ကုန်၊တိုကျို ၊မတ်၃၀

မြန်မာနိုင်ငံမှာ လာရောက် ရင်းနှီးမြုပ်နှံ လုပ်ကိုင်နေကြတဲ့ ဂျပန် Uniqlo ကုမ္ပဏီနဲ့  ယူကေကုမ္ပဏီကြီး တစ်ခု ဖြစ်တဲ့ Marks & Spencer စတဲ့ အထည်ချုပ် လုပ်ငန်းအမှတ်တံဆိပ်တွေဟာ လူ့အခွင့်အရေးနဲ့  အလုပ်သမား ဆိုင်ရာ စိုးရိမ် မှုတွေအပြင်  လုပ်ငန်းတွေ လုပ်ဆောင်ဖို့ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကြောင့် မြန်မာ့ဈေးကွက် ကနေထွက်ခွာတော့ မယ့် အကြောင်း သတင်းထုတ်ပြန်ပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ မြန်မာစစ်တပ်က  အာဏာလွဲယူပြီးတဲ့နောကိပိုင်း လူ့အခွင့်အရေး နဲ့ပတ်သက်ပြီး စွပ်စွဲ ခံနေ ရမှုတွေလည်း ရှိနေပါတယ်။

အခုဆိုရင် Uniqlo ရဲ့ ထွက်ခွာမှုက ၂၀၂၃ထဲက နောက်ဆုံးထွက်ခွာမှု ဖြစ်ခဲ့ပြီး အစောပိုင်းကာလတွေမှာလည်း အလားတူ ထွက်ခွာမှုတွေ ရှိခဲ့ပါတယ်။

Uniqlo ဟာတရုတ်နဲ့ ဗီယက်နမ်တို့လို နိုင်ငံတွေအပြင်  ကမ္ဘာတစ်ဝှမ်းက ကုန်ထုတ်လုပ်မှုမိတ်ဖက် ၄၃၀ ကျော် ရှိတဲ့ လုပ် ငန်းကြီး တစ်ခုလည်း ဖြစ်ပါတယ်။

ယူကေ Marks & Spencer က  လူ့အခွင့်အရေးကိစ္စရပ်တွေကြောင့် ၂၀၂၃ မတ်လမှာ ထွက်ခွာမယ့်အကြောင်း ၂၀၂၂ ခုနှစ်ကတည်းက တရားဝင်ပြောကြားထားပြီးလည်း ဖြစ်ပါတယ်။

အလားတူ  အိုင်ယာလန် Primark ဖက်ရှင်အထည်ချုပ်လုပ်ငန်းကလည်း မြန်မာနိုင်ငံကနေ ထွက်ခွာတော့မယ်လို့  ပြော ကြားထားပြီး ဖြစ်ပါတယ်။   “ကျွန်တော်တို့ရဲ့ တစ်ခုတည်းသော ရွေးချယ်ခွင့်က တိုင်းပြည်ကနေ တာဝန် သိသိ ထွက် ခွာမှုကို စတင်ဖို့ပဲလို့ ယုံကြည်ပါတယ်” လို့  ကုမ္ပဏီ ဘက်က ပြောပါတယ်။

လုပ်ငန်းအတွက် အခက်အခဲတွေထဲမှာ ဓာတ်အားပြတ်တောက်မှု တိုးလာတာနဲ့ ထောက်ပံ့ပို့ဆောင်ရေး ပြတ်တောက် မှုတွေက ကုန်ပစ္စည်းထုတ်လုပ်၊ စီမံခန့်ခွဲဖို့အတွက် အဆင်မပြေမှုတွေ ဖြစ်စေတယ်လို့လည်း ဆိုပါတယ်။

“မြန်မာ့လူဦးရေ အများအပြားက အလုပ်သမားတွေကို စုဆောင်းရတာ ပိုလွယ်ကူစေတယ်၊ ဒါပေမယ့် မတည်မငြိမ်ဖြစ်တဲ့ လျှပ်စစ်အခြေခံအဆောက်အအုံက ပြဿနာပါပဲ” လို့  ဂျပန်အထည်ချုပ်ကုမ္ပဏီရဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

EuroCham Myanmar ရဲ့  CEO ဖြစ်သူ ကရီနာ အူဖတ်က “ကုန်အမှတ်တံဆိပ်တွေကို ဖြုတ်ချခံရတာ အလုပ်သမား အခွင့် အရေးအတွက် အခြေအနေကို ပိုမိုယိုယွင်းလာစေပြီး အလုပ်လက်မဲ့တွေ ပိုမိုများလာဖို့ အထောက်အကူဖြစ်လိမ့်မယ်” လို့ ပြောပါတယ်။

ကျပ်ငွေတန်ဖိုးကျဆင်းနေတာမို့  အထည်အလိပ်တင်ပို့မှုက ပိုပြီး မြင့်တက်လာနေတာ ဖြစ်ပါတယ်။ အီးယူ၊ ဂျပန်နဲ့ အမေ ရိကန်တို့နဲ့ ဆက်စပ်နေတဲ့ အထည်ချုပ်လုပ်ငန်တွေဟာ  ၂ဝ၁၁ ခုနှစ် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု စတင်ချိန်ကစပြီး ၂၀၂၂ အရောက် မြန်မာနိုင်ငံကနေ  ကန်ဒေါ်လာ ၄ ဒသမ ၇ ဘီလျံအထိ သွင်းကုန်တန်ဖိုး  အမြင့်ဆုံး စံချိန်တင်နိုင်ခဲ့တာဖြစ် ပါတယ်။

Ref: NIKKEI ASIA

Visited 1 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *