နာမည်ကြီး မလေးရှားစားဖိုမှူး ဝမ်က သူ့မှာ ကင်ဆာရောဂါ ရှိနေတယ်လို့ ထုတ်ပြောလာ

ကွာလာလန်ပူ၊ ဩဂုတ် ၃

Chef Wan(စားဖိုမှုးဝမ်)လို့ လူသိများတဲ့သူ၊ အင်စတာဂရမ်မှာ ပရိသတ် သန်းနဲ့ချီ ရှိတဲ့သူ နာမည်ကြီး စားဖိုမှူး ရက်ဇူရာဝမ် အစ္စမေး က သူ့မှာကင်ဆာရောဂါ ရနေတယ် ဆိုပြီး အင်စတာဂရမ်မှာ ဩဂုတ်လ ၃ရက်က ထုတ်ပြောလာတာမို့ ပရိသတ် တွေ အံဩဝမ်းနည်း ဖြစ်ခဲ့ကြရတယ်လို့ သိရပါတယ်။

ကိုယ်ခံအားစနစ်ရဲ့ ရောဂါပိုးတွေကို တိုက်ထုတ်ပေးတဲ့ဆဲလ်တွေမှာ စပြီး အစပျိုးတဲ့  ကင်ဆာအမျိုးအစား တစ်မျိုးဖြစ်တဲ့  lymphoma ကို သူစခံစားနေရတယ်လို့ ထုတ်ပြောလာတာဖြစ်ပါတယ်။

ဒီလိုမျိုး ပြောဆိုနေတဲ့ သူရဲ့ အပြုအမူကို တော့ “ပွင့်လင်းတဲ့ နှလုံးသားနဲ့ သတ္တိရှိသူ” ဆိုပြီး ပရိသတ်တွေက ချီးကျူး အားပေးစကား ဆိုကြပါတယ်။

အသက် ၆၅ နှစ်အရွယ်ရှိနေတဲ့ဝမ် က သူ ဆေးရုံးမှာ ဆေးစစ်ဖို့ ရှိတယ်ဆိုတဲ့ ပို့စ် ကို တင်ပြီး ရက်ပိုင်းအကြာမှာ အခုလို ထုတ်ဖော်ပြောလာတာ ဖြစ်ပါတယ်။

သတင်းကြားကြားချင်း သူ့ မိသားစုက တုန်လှုပ်ကြေကွဲ ခဲ့ပေမယ့် ဝမ်ကတော့ တည်တည်ငြိမ်ငြိမ်ပဲလို့ ဆိုပါတယ်။

ဒီနေ့မှာတော့ အခုလို့  အင်စတာဂရမ်မှာ တင်လိုက်တဲ့ ဝမ်ရဲ့ ပို့စ်က ပရိသတ်တွေအတွက် သံဝေဂ ရစရာ ဖြစ်နေရတယ်လို့ ဆိုကြပါတယ်။“ဒီအချိန်မှာ စိန်ခေါ်မှုအားလုံးကို ပွင့်ပွင့်လင်းလင်း နှလုံးသားနဲ့ သတ္တိရှိရှိ လက်ခံလိုက်ပါ။ဒါက ဘဝပါပဲ။ မင်းတစ်နေ့ပြီးတစ်နေ့ အရာတွေကို အပြုသဘောဆောင်တဲ့ နည်းလမ်းနဲ့ ယူဖို့လိုတယ်။ ငါလည်း သန်မာဖို့လိုတယ်။ လူတွေအများကြီးကို ဂရုစိုက်ဖို့ လိုတယ်” ဆိုပြီး ရေ:ထားတာ ဖြစ်ပါတယ်။

Ref: CNA

Photo Credit: mphonline.com

Leave a Reply

Your email address will not be published. Required fields are marked *