နာမည်ကျော် Super Junior ကေပေါ့ပ်အဖွဲဝင် ကရူဟွန်း ဓါးနဲ့ တိုက်ခိုက်ခံရ

Super Junior ကေ ပေါ့ပ်အဖွဲ့
photo Credit: prambors FM

ဆိုးလ်၊ နိုဝင်ဘာ ၂၁

ကိုရီးယာက နာမည်ကြီး ကေပေါ့ပ်အဖွဲ ဖြစ်တဲ့ Super Junior အဖွဲဝင် အဆိုတော် သရုပ်ဆောင် ကရူဟွန်း တစ်ယောက် နိုဝင်ဘာ ၁၉ရက် ညနေ ၆နာရီလောက်မှာ ဆိုးလ်က ပြဇာတ်ရုံ အဝတ်လဲခန်းထဲမှာ ဓါးကိုင် အမျိုးသမီး တစ်ယောက်က တိုက်ခိုက်တာ ခံခဲ့တယ်လို့ သိရပါတယ်။ တိုက်ခိုက်ခံရတဲ့ ကရူဟွန်းကတော့ လက်ချောင်းမှာ ပြတ်ရှဒဏ်ရာရသွားလို့ အရေးပေါ်ကုသမှု ခံခဲ့ရတယ်လို့ ဆိုပါတယ်။

ဓားကိုင်လာတဲ့  အမျိုးသမီးတစ်ဦးဟာ  ဆိုးလ်ပြဇာတ်ရုံအဝတ်လဲခန်းထဲအထိ ဝင်သွားပြီး ကရူဟွန်းကို စတိုက်ခိုက် ဖို့ ကြိုးစားခဲ့တာလို့ မျက်မြင်တွေက ပြောပါတယ်။

ဒေသစံတော်ချိန် ၁၈း၀၀ (ဂရင်းနစ်စံတော်ချိန် ၀၉း၀၀ GMT) မှာ တိုက်ခိုက်မယ့် အသက် ၃၀ ဝန်းကျင်အမျိုးသမီးဟာ မမျှော်လင့်ဘဲ သီးသန့် အခန်းထဲအထိကျူးကျော် ဝင်ရောက်လာပြီး ရုတ်တရက် တိုက်ခိုက်ခဲ့တာလို့ ဒေသတွင်း မီဒီယာ တွေက ဖော်ပြခဲ့ပါတယ်။

ရဲတပ်ဖွဲ့က အဲ့ဒီအမျိုးသမီးဟာ လုံခြုံရေးအရ စစ်ဆေး စိစစ်နေတဲ့  အထဲက ဒီဓါးကို ဘယ်လိုယူလာနိုင်ခဲ့တာလည်းဆိုတာ ကို စုံးစမ်း ဖော်ထုတ်နေတယ်လို့ သိရပါတယ်။ တရားခံ အမျိုးသမီးကိုတော့ ဖမ်းဆီထားပြီး ဆွဲချက်မတင်မီ သူမှာ  စိတ်ရောဂါရာဇဝင်ရှိမရှိ စုံစမ်းစစ်ဆေးနေပါတယ်။

ပြည်တွင်းမီဒီယာတွေရဲ့ သတင်းမှာတော့ ကရူဟွန်းနဲ့ ဒီ အမျိုးသမီး ဘယ်တုန်းကမှ ပတ်သက်မှုမရှိခဲ့ဘူးလို့ ဖော်ပြပါတယ်။

“ကရူဟွန်းရဲ့ လက်ချောင်းမှာ ရခဲ့တဲ့ ဒဏ်ရာကိုတော အဲဒီနေရာမှာပဲ  ချက်ချင်း ကုသခဲ့ပါတယ်” လို့ အသက် ၃၅ နှစ်အရွယ် နာမည်ကြီး အေဂျင်စီ Antenna Music က တောင်ကိုရီးယား နိုင်ငံပိုင် သတင်းစာ JoongAng Daily ကို ပြောကြား ခဲ့ပါ တယ်။

တိုက်ခိုက်ခံရတဲ့ အကြောင်းရင်းကိုတော့ သေသေချာချာ မထုတ်ပြန်နိုင်သေးဘူးလို့ ရဲတပ်ဖွဲကပြောပါတယ်။

Super Junior အဖွဲကို ၂၀၀၅ခုနှစ်က စတင်ပြီး ထူထောင်ခဲ့ပါတယ်။ ဒီနေ့အချိန်မှာ အဖွဲ့ဝင် ၁၀ယောက်ပါဝင်ပြီး

K-pop dance-pop electropop R&B hip hop စတဲ့ ဂီတအမျိုးအစားတွေ သီဆို ထုတ်လုပ်နေပြီး ကိုရီးယားသာမက နိုင်ငံတကာအထိပါ ထိုးဖောက် အောင်မြင်နေတဲ့ အဖွဲ တစ်ဖွဲ ဖြစ်ပါတယ်။

Ref: BBC

ပုံစာအဆိုတော်၊သရုပ်ဆောင် ကရူဟွန်း

Feature Image Credit: my k-blog

Visited 3 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *