နာမည်ကျော်နေတဲ့ ရေတံခွန်တောင်ဂေါက်ကွင်းသွားလမ်းက လုယက်သူကို အရပ်ကလူညီညီနဲ့ ဝိုင်းဖမ်း

၁၂ နိုဝင်ဘာ၊၃၀၂၃

မန္တလေးမြို့ ရေတံခွန်တောင်ဂေါက်ကွင်းသွားတဲ့လမ်းမှာ သည်နေ့ အိုးဝေမောင်းသမားရဲ့ လည်ပင်းကိုဓါးနဲ့ထိုးပီးလုတဲ့သူကို ရပ်ကွက်နေပြည်သူတွေကဝိုင်းဖမ်းခဲ့ကြတယ်လို့သိရပါတယ်။

လုယက်သူဟာ လူငယ်အရွယ်တဦးဖြစ်ပြီး၊ရပ်ကွက်နေပြည်သူများကရဲစခန်းကိုအကြောင်းကြားခဲ့တယ်လို့ဒေသခံအချို့ကပြောပါတယ်။

“လူလည်းမိပါတယ်။အိုးဝေလည်းပြန်ရပါပီ။သည်ရက်ပိုငိးလုယက်ခံရတာတွေခနခနဖြစ်နေလို့ သတိထားကြပါ”ဒေသခံတဦးကပြောပါတယ်။

လည်ပင်း ဓါးနဲ့ ထိုးခံရတဲ့ အိုးဝေသမားလူနာအဆေးရုံကို မွန်မြတ်စိတ်ထားပရဟိတအသင်းက ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။

Visited 17 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *