
Photo Credit: AP
စကရိုက်စထရပ်( ဒိန်းမတ်)၊ ဩဂုတ် ၂၀
ရုရှားရဲ့ ကျူးကျော်မှုကို ယူကရိန်းတို့ ကာကွယ်ဖို့ နယ်သာလန်နဲ့ ဒိန်းမတ်နိုင်ငံတို့ဟာ အမေရိကန် F-16 တိုက်လေ ယာဉ်တွေ ပံ့ပိုးပေးမယ့်သမိုင်းဝင် ဆုံးဖြတ်ချက်ကို ကြိုဆိုလိုက်တဲ့ အကြောင်း ယူကရိန်းသမ္မတ ဗောလန်ဒင်မာ ဇလန်းစကီး က ဩဂုတ်လ ၂၀ရက်က ပြောဆိုလိုက်ပါတယ်။။
ဇလန်းစကီးဟာ ယူကရိန်း လေတပ်ကို အားကောင်းစေဖို့ လအတန်ကြာအောင် အဆင့်မြင့် ဂျက်လေယာဉ်တွေကို လိုအပ် နေခဲ့တာလည်း ဖြစ်ပါတယ်။
ယူကရိန်းလေယာဉ်မှူးတွေကို အခုလ ဩဂုတ်မှာ စလေ့ကျင့်ပေးဖို့ စီစဉ်ထားပြီး ဖြစ်သလို ယူကရိန်းကို F-16 တွေလွှဲ ပြောင်းပေးဖို့ ဝါရှင်တန်က ဩဂုတ် ၁၈ရက် သောကြာနေ့ကကြေညာခဲ့ပြီး ယူကရိန်းမှာ ဂျက်တိုက်လေယာဉ်တွေကို ၂၀၂၄ ခုနှစ်အစောပိုင်းမှာ စပြီး တပ်ဖြန့်နိုင်စေမှာ ဖြစ်ပါတယ်။
အဲဒိလို့ ဆုံးဖြတ်ချက် ချနိုင်ခဲ့တာနဲ့ ပတ်သက်ပြီး “ကျွန်တော်တို့အတွက် သမိုင်းဝင်စေပြီး စိတ်အားထက်သန်စေတယ်” လို့ နယ်သာလန် အိုင်ဒိုဗင် လေတပ်အခြေစိုက်စခန်းကို ဒတ်ချ်ဝန်ကြီးချုပ် မတ်ခ် ရူတယ် နဲ့အတူ အလည်ရောက်နေတဲ့ ဇလန်းစကီး က ပြောပါတယ်။
ရူတယ်က ပြောဆိုရာမှာ ကိ့ဖ်အတွက် F-16 အရေအတွက်ကို မဆုံးဖြတ်ရသေးပေမယ်လည်း ဇလန်းစကီးကတော့ “ကျွန်တော်တို့ စစ်သည်တော်တွေ အတွက် ကြီးမားတဲ့ တိုက်ခိုက်ရေးလေယာဉ် ၄၂ စီးကို လက်ခံရပါလိမ့်မယ်” လို ပြောပါတယ်။
နောက်ရက်တွေမှာတော့ ဇလန်းစကီးဟာ ဒိန်းမတ်နိုင်ငံက စကရိုက်စထရပ် လေတပ်အခြေစိုက်စခန်းကို သွားရောက်ခဲ့ရာ ၀န်ကြီးချုပ် မက် ဖရက်ဒစ်ကဆန်က ကြိုဆိုနှုတ်ဆက်ခဲ့ပြီး “ခင်ဗျားတို့ လိုအပ်တာကိုလည်း ကျွန်တော်တို့ သိပါတယ်၊ ဒါကြောင့်မို့လို့ ယူကရိန်းကို F-16 တိုက်လေယာဉ် ၁၉ စင်း လှူဒါန်းမယ်လို့ ဒီနေ့ ကြေငြာပါတယ်။” ဆိုပြီး တရားဝင် ထုတ်ပြော လိုက်ပါတယ်။
အခုနှစ်ကုန်မှာ ဂျက်တိုက်လေယာဉ် ခြောက်စင်း၊ လာမယ့်နှစ်မှာရှစ်စင်းနဲ့ ၂၀၂၅ ခုနှစ်မှာ ငါးစင်း ပေးပို့မှာ ဖြစ်တယ်လို့ လည်းသိရပါတယ်။
Ref:AFP
Feature Image Credit: Tech. Sgt. Matthew Lotz/U.S. Air Force



