ခါကိဖ်(ယူကရိန်း)၊ မေ ၂၂
ယူကရိန်းနိုင်ငံ ခါကိဖ် ဒေသက ဘောချာနက်မြို့မှာ ရောက်နေတဲ့ စစ်ဘေးရှောင် ယူကရိန်းပြည်သူတွေကို ကူညီ ကယ်ဆယ်ဖို့ ကြိုးစားနေတုန်း ရုရှားစစ်တပ်က ဘီးတပ်ကုလားထိုင်နဲ့ အမျိုးသမီးတစ်ယောက်ကို တွန်းချလိုက် ရာက သေဆုံးသွားတဲ့ အထိ ဖြစ်ခဲ့ရပါတယ်။ အလားတူ သူနဲ့ အတူ ဘေးလွတ်ရာပြေးလာတဲ့ သူခင်ပွန်း ယူကရိန်းအမျိုးသားကိုလည်း ရုရှားစစ်တပ်က ပစ်သတ်ခဲ့တယ်လို့ ယူကရိန်းအစိုးရရှေ့နေတွေက ပြောပါတယ်။
မေလ ၁၅ ရက်က ဖြစ်ခဲ့တဲ့ ပစ်ခတ်မှုမှာလည်း ယူကရိန်း အရပ်သားတစ်ယောက် သေဆုံးခဲ့သေးတယ်လို့ ခါကိဗ်ဒေသဆိုင်ရာ အစိုးရရှေ့နေရုံးက ပြောထားပြီး နယ်ခြားမြို့ကို ထိန်းချုပ်ဖို့အတွက် ယူကရိန်းနဲ့ ရုရှားတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ အပြင်းအထန် ဆက်ဖြစ်နေတယ်လို့ သိရပါတယ်။
ရုရှားတပ်တွေက နယ်စပ်ကိုကျော်ဝင်ပြီး ရွာပေါင်းတစ်ဒါဇင်နီးပါးကို သိမ်းပိုက်ခဲ့ပြီးတဲ့နောက် မကြာသေးတဲ့ရက်သတ္တပတ်တွေထဲမှာပဲ ရုရှားက ခါကိဗ်ဒေသမှာ ထိုးစစ်ကို အရှိန်မြှင့်ခဲ့ပြီး စစ်ပွဲနှစ်နှစ်ကျော်အတွင်း အံ့သြစရာအကောင်းဆုံးစစ်ဆင်ရေးကို စတင်ခဲ့တယ်လို့ ကမ္ဘာမီဒီယာတွေမှာ ဖော်ပြထားပါတယ်။
Ref: CNN
ပုံစာ။ စစ်ဘေးသင့် ခါကိဖ်ဒေသကို တွေ့ရပုံ
Feature Image Credit: BBC



