နယူးယောက်က ဘတ်ဖလိုးမြို့မှာ ဆီးနှင်းမုန်တိုင်းကြောင့် သေဆုံးသူ ၂၇ ဦးအထိ တိုးလာ

ဒီဇင်ဘာ၂၆ က ဘတ်ဖလိုးမြို့အခြေအနေ
Photo Credit: Craig Ruttle/AP

နယူးယောက်၊ ဒီဇင်ဘာ ၂၇

အေးခဲနေတဲ့ ရာသီဥတုရယ်၊ ဆီးနှင်းမုန်တိုင်းတွေရယ်ကြောင့် ဘတ်ဖလိုးမြို့ကြီးမှာ လူအသေအပျောက် ရှိနေတယ်လို့ သိရပါတယ်။ အေးခဲနေတဲ့ ဆောင်းရာသီမုန်တိုင်းထန်နေတဲ့ရက်တွေမှာ ဘတ်ဖလိုးက တာဝန်ရှိ သူတွေဟာ သောင်တင်နေတဲ့ယာဉ်နဲ့ အတူတူ ပိတ်မိနေတဲ့သူတွေကို ဆီးနှင်းတွေ တူးဆွပြီး အသက်အန္တရာယ် ကင်းရှင်းဖို့အတွက်  အရေတကြီးအာရုံ စိုက် လုပ်ဆောင်နေကြရပါတယ်။.

 ဒီနေ့အထိနယူးယောက် အနောက်ပိုင်းဘတ်ဖလိုးမုန်တိုင်းကြောင့်  ခရစ္စမတ်ကာလမှာအနည်းဆုံး လူ ၂၇ ဦး သေဆုံးခဲ့ပြီး နှင်းထု ၄၃ လက်မအထိ ဖုံးလွမ်း ကျဆင်းခဲ့တယ်လို့ သိရပါတယ်။

အခုမုန်တိုင်းကို လွန်ခဲ့တဲ့ ၁၉၇၇ခုနှစ် က လူ ၂၃ ဦး သေဆုံးစေခဲ့တဲ့ အရင် ဘတ်ဖလိုးနှင်းမုန်တိုင်းနဲ့  နှိုင်းယှဉ် ဖော်ပြနေကြပါတယ်။

ဒါပေမယ့် အခု မုန်တိုင်းကတော့ ၁၉၇၇ခုနှစ်က နှင်းမုန်တိုင်းထက် ပိုပြင်းထန်တယ်လို့ အဲရီကောင်တီရဲ့ အမှု့ဆောင်လူကြီး ဖြစ်တဲ့ မာခ် ပိုလန်ခရပ်စ်က ပြောပါတယ်။ “ဒါဟာ ကြောက်စရာကောင်းတယ်၊ ၂၄ နာရီဆက်တိုက် ကြောက်စရာကောင်းတယ်။” လို့လည်း  မာခ်က ပြောပါသေးတယ်။

နှင်းမုန်တိုင်ကြားက ကယ်ဆယ်ရေးယာဉ်များ
Photo Credit Joseph Cooke/AP

မုန်တိုင်းဟာ ၃၇နာရီ ၅မိနစ်အထိ ကြာအောင်ဆက်တိုက် တိုက်ခတ်ခဲ့တယ်လို့လည်း နှင်းမုန်တိုင်းအခြေအနေကို မှတ်တမ်းတင်ခဲ့တဲ့ စီအန်အန်က  မိုးလေဝသပညာရှင် တွမ် စတားက ဆိုပါတယ်။

လက်ရှိမှာတော့ အရေးပေါ် အကူအညီပေးမယ့် ကားတွေ ယာဉ်တွေ သွားမရအောင် နှင်းတောထဲမှာ ပိတ်မိနေတာကို လမ်းရအောင် ဖော်ပေးနိုင်ပြီလို့ သိရပါတယ်။ ဒါပေမယ့် ဘတ်ဖလိုးရဲ့ နေရာအတော်များများကတော့ သွားလို့ လာလို့ မရသေးဘူးလို့ ဆိုပါတယ်။

လွန်ခဲ့တဲ့ နာရီပိုင်းကစလို့ မြိုထဲမှာ သောင်တင်နေတဲ့ရာနဲ့ချီတဲ့ ကယ်ဆယ်ရေး သမားတွေက စပြီး လှုပ်ရှားနေပြီလို့ ဘတ်ဖလိုးမြို့တော်ဝန် ဘိုင်ရွန် ဘရောင်းက ပြောပါတယ်။

“ဒီလိုအခြေအနေမျိုးမှာ၊ ယာဉ်ပေါ်ကနေ ကယ်တင်ဖို့ အရေးပေါ် အားထုတ်မှုတွေ မလုပ်ခဲ့ဘူးဆိုရင် ဒီလူတွေက  အသက်ရှင်ကျန်ရစ်ဖို့ မလွယ်ဘူး”လို့လည်း ဘိုင်ရွန်က ပြောပါတယ်။

မုန်တိုင်းကြောင့် ကားရာပေါင်းများစွာကို နှင်းတွေထဲမှာ ပစ်ထားခဲ့ကြကြောင်းနယူးယောက်ပြည်နယ် ရဲတပ်ဖွဲ့က ယာယီရဲအုပ်ကြီး  စတီဗင် နီဂရီလီ က ပြောပါတယ်။ အခုဆို အာဏာပိုင်တွေက တစ်အိမ်တက်ဆင်း လူနဲ့ကားတွေပါမကျန် လိုက်ပြီး ဘေးအန္တရာယ် ကင်းမကင်း  စစ်ဆေးပေးနေကြောင်း  သိရပါတယ်။

Ref: CNN

Visited 23 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *