နမ့်ခမ်းမှာ ဗုံးကျလို့ အရပ်သားတစ်ဦးသေဆုံး

၂ ဒီဇင်ဘာလ ၊၂၀၂၃

နမ့်ခမ်းမြို့ အတွင်းထဲကို ဒီဇင်ဘာလ ၁ ရက်နေ့ ည ၉ နာရီ ကျော်အချိန်က ဗုံးကျရောက်ပေါက်ကွဲခဲ့လို့

တစ်ဦးပွဲချင်းပြီး သေဆုံးသွားပြီးတဦးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

“ နောင်စန့်ရပ်ကွက်ကနေ လျှပ်စစ်ရုံးတကြော အတွဲလိုက် လေးငါးလုံး ကျသွားတာ စာသင်ကျောင်းထဲကျတာ တဦးကတော့ပွဲချင်းပြီးပဲ ဆုံးသွားတယ်”လို့ မြို့ခံတစ်ဦးကပြောပြပါတယ်။

ဗုံးကြောင့် ကော်နောင်မိုရပ်ကွက်ရှိ စာသင်ကျောင်းကျရောက်ပေါက်ကွဲခဲ့ပြီး အမျိုးသားတစ်ဦးကို ခါးနဲ့ တင်ပါးထိပြီး၊တဦးကတော့ ပေါင်အောက်ပိုင်းတွင်ထိကာ ပျက်ထွက်သွားပြီး ထိုနေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့ရတယ်လို့ပါတယ်။

နမ့်ခမ်းမြို့မှာတပ်မတော်နဲ့တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေတိုက်ပွဲဖြစ်ပွားနေကြပြီး၊ နောင်စန့်ရပ်ကွက် ဘောလုံးကွင်းမှာလဲပေါက်ကွဲသေးတဲ့ လက်နက်ကြီးတစ်လုံး ကျကျန်နေခဲ့တယ်လို့ သိရှိရပါတယ်။

Visited 2 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *