နမ့်ခမ်းမြို့ ကျေးရွာဘက်မှာ လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့လို့ နေအိမ်၇အိမ် ထိခိုက်မှုရှိခဲ့

၂၂ နိုဝင်ဘာ၊၂၀၂၃

ရှမ်းပြည်နယ်၊မြောက်ပိုင်း၊နမ့်ခမ်းမြို့ ကျေးရွာဘက်မှာလက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့လို့ နေအိမ်၇အိမ် ထိခိုက်မှုရှိခဲ့တယ်လို့တအာင်းအမျိုးသမီးအဖွဲ့အစည်းဆီက သိရပါတယ်။

နိုဝင်ဘာလ၊၂၂ ရက်နေ့မနက်၁၂ နာရီခွဲအချိန်က ဟိုနားကျေးရွာ၊ ကောင်းတပ်ကျေးရွာနဲ့ မန်လုံကျေးရွာတို့မှာ ပစ်ခတ်မှုကြောင့် ကျေးရွာအတွင်းသို့ ကျပေါက်ခဲ့တာလို့ဆိုပါတယ်။

ဒိနေ့မနက်အစောပိုင်း ၃ နာရီခွဲအချိန်မှာ မန်လုံကျေးရွာ ကျေးရွာဥက္ကဌနေအိမ်ကို လက်နက်ကြီးကျရောက်ခဲ့ပြီး ပျက်စီးဆုံးရှုံးမှု တန်ဖိုးပေါင်း သိန်း (၈၀) နီးပါးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။

၁၀၂၇ စစ်ဆင်ရေး စတင်ခဲ့တဲ့ အောက်တိုဘာလ ၂၇ ရက်မြောက်နေ့မှာ ရှမ်း/မြောက်မှာ လက်နက်ကြီးနဲ့လေကြောင်းပစ်ခတ်မှုကြောင့် အရပ်သားနေအိမ် စုစုပေါင်း (၁၇၄) အိမ် ထိခိုက်ပျက်စီးခဲ့တယ်လို့ တအာင်းအမျိုးသမီးအဖွဲ့အစည်းက အသိပေးထားပါတယ်။

Visited 3 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *