၇ နိုဝင်ဘာ၊၂၀၂၃
မူဆယ်မြို့ကနေ နမ့်ခမ်းမြို့ကိုသွားတဲ့အိမ်စီးကားတစီး သည်ကနေ့နေ့လည်ပိုင်းအချိန်က ပစ်ခတ်ခံရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
“အရေးပေါ် သွားရလာရမယ်ဆိုရင်လည်းမှန်တံခါးချပြီးမောင်းကြပါ၊ခုရူတ်ယှက်ခတ်နေတယ် မြို့ထဲလဲပစ်ခတ်မှုတွေရှိနေတယ်”လို့ဒေသခံတဦးက ပြောပါတယ်။
ရှမ်းပြည်နယ်မြောင်ပိုင်း၊ နမ့်ခမ်းမြို့၊ မြို့လယ်ဘုရားဝန်းအတွင်း ပုန်းခိုစခန်းချနေတဲ့ စစ်တပ်နဲ့ပြည်သူ့စစ် ပူးပေါင်းတပ်ဖွဲ့ကို အပြီးသတ်ရှင်းလင်းနိုင်ခဲ့ပြီဖြစ်ကြောင်း PSLF/TNLA က သည်ကနေ့မနက်ပိုင်းကထုတ်ပြန်ထားပါတယ်။

စစ်တပ်အထိုင်နေရာကို နိဝင်ဘာလဆန်းပိုင်းက စတင်တိုက်ခိုက်ကာ ယနေ့မနက် ၅ နာရီ ၄၅ မိနစ်မှာ အပြီးသတ်ရှင်းလင်းနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
နမ့်ခမ်းမြို့ပေါ်ကသူတွေ မူဆယ်မြို့နဲ့အခြားမြို့ကို ရှောင်ပြေးလာတာကြောင့် မူဆယ်၊နမ်းခမ်းလမ်းတလျောက် ကားတွေပိတ်နေတယ်လို့ မြိို့ခံတွေက ပြောပါတယ်။
ရှမ်းမြောက်မှာဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင်အရေအတွက် သုံးသောင်းကျော်ရှိနေပြီလို့NUGဘက်က ထုတ်ပြန် ထားပါတယ်။