ဝင်းဟို့လ်ခ်၊ ဩဂုတ် ၂၈
နမီးဘီးယားနိုင်ငံဟာ နှစ်ပေါင်း၁၀၀ အတွင်း အဆိုးရွားဆုံး မိုးခေါင်မှုဒဏ်ကို ရင်ဆိုင်နေရချိန်မှာပဲ ဆင်၊ရေမြင်း၊ မြင်းကျား စတာတွေ အပါအဝင် တောရိုင်းတိရစ္ဆာန် ၇၀၀ ကျော်ကို သတ်ဖြတ်ပြီး အစာမလုံလောက်ဘဲ ရုန်းကန်နေရတဲ့ ပြည်သူတွေကို အသားတွေ တွေဝေပေးဖို့ စီစဉ်နေတယ်လို့ ဩဂုတ် ၂၈ သတင်းတွေမှာ ဖော်ပြထားပါတယ်။
သုတ်သင်မယ့် တိရစ္ဆာန်တွေကတော့ ဆင် ၈၃ ကောင်၊ ရေမြင်း အကောင်၃၀၊ ကျွဲ အကောင် ၆၀ ၊ အင်ပါလာသမင် အကောင် ၅၀၊ တောရိုင်းသမင်အကောင် ၁၀၀နဲ့ မြင်းကျားကောင်ရေ ၃၀၀ အပါအဝင် အခြားအကောင်တွေလည်း ပါတယ်လို့ သိရပါတယ်။
ဒီအစီအစဉ်ရဲ့ ရည်ရွယ်ချက်က အနောက်တောင်အာဖရိကနိုင်ငံ နမီးဘီးယားရဲ့ မိုးခေါင်ရေရှားမှုဒဏ်ကို သက်သာစေဖို့လည်း ပါဝင်တယ်လို့ ဝန်ကြီးဌာနက ပြောပါတယ်။
မိုးခေါင်ရေရှားမှုရဲ့ သက်ရောက်မှုတွေက ပိုပြီးဆိုးရွားလာတာကြောင့် နမီးဘီးယားမှာ ပြီးခဲ့တဲ့ ၂၀၂၄ မေလ ကစ အရေးပေါ်အခြေအနေကြေညာခဲ့ရပါတယ်။ တိုင်းပြည်လူဦးရေရဲ့ တစ်ဝက် ခန့်မှန်းခြေ ၁ဒသမ၄ သန်းဟာ ပြင်းထန်တဲ့ အစားအစာမလုံလောက်မှုကို ရင်ဆိုင်နေကြရတာပါ။
သုတ်သင်ရှင်းလင်းရေး အစီအစဉ်အရ “ရနိုင်တဲ့ စားကျက်နဲ့ ရေပမာဏထက် ကျော်လွန်နေတဲ့ နေရာတွေက တောရိုင်းတိရစ္ဆာန်တွေကို လျှော့ချခြင်းက ရေအရင်းအမြစ်တွေအပေါ်ပိနေတဲ့ ဖိအားတွေကို ဖယ်ရှားပစ်နိုင်လိမ့်မယ်”ဝန်ကြီးဌာနက ပြောပါတယ်။
ဒါ့အပြင် ဆင်တွေနဲ့ လူသားတွေကြား ပဋိပက္ခဖြစ်နိုင်ချေကို လျှော့ချဖို့လည်း ရည်မှန်းထားပြီး တိရစ္ဆာန်တွေရဲ့ အစာနဲ့ ရေကို ရှာဖွေနေတဲ့ အချိန် လူတွေနဲ့ အပြိုင်အဆိုင် ဖြစ်လာမှာကိုလည်း လျှော့ချဖို့ ရည်မှန်းထားတယ်လို့ သိရပါတယ်။
Ref: CNN
ပုံစာ။ ရေသောက်ဆင်းနေတဲ့ နမီဘီယားက တောရိုင်းတိရစ္ဆာန်များ
Feature Image credit: youtube



