နစက ငြိမ်းချမ်းရေးကော်မတီနှင့် MNDAA၊ TNLA နှင့် AA တို့ ဇွန်လ ၁ ရက်တွင် ဆွေးနွေးမည်

နစက ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီနှင့် မြောက်ပိုင်းမဟာမိတ် ညီနောင်သုံးဖွဲ့တို့ ဇွန်လ ၁ ရက်တွင် မိုင်းလားမြို့၌ ဆွေးနွေးကြမည်ဖြစ်ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ထုတ်ပြန်သည်။

ထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံအမှန်တရားနှင့်တရားမျှတသောအမျိုးသားပါတီ-မြန်မာအမျိုးသားဒီမို ကရက်တစ်မဟာမိတ်တပ်မတော်(MNTJP/MNDAA)၊ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ် ဦး-တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PSLF/TNLA)၊ ရက္ခိုင်အမျိုးသားအဖွဲ့ ချုပ်-ရက္ခိုင့်တပ်တော်(ULA/AA)တို့ ဖြစ်ကြောင်း ဖော်ပြထားသည်။

ယင်းအဖွဲ့ ၃ ဖွဲ့မှ ကိုယ်စားလှယ်များ အနေဖြင့် မေလ ၃၀ ရက်တွင် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ အထူး ဒေသ(၄) မိုင်းလားမြို့ သို့ ရောက်ရှိနေကြပြီ ဖြစ်ကြောင်း ၊ရှမ်းပြည်နယ်အရှေ့ပိုင်း၊ အထူး ဒေသ(၄)ဘက်မှ နေထိုင်စားသောက်မှုနှင့် လုံခြုံရေးများကို တာဝန်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲ အောင်မြင်ရေးအတွက် တရုတ်နိုင်ငံ သက်ဆိုင်ရာဌာနများက ကြားဝင်ညှိနှိုင်းပေးရန် ကိုယ်စားလှယ်အဖြစ် ပါဝင်မည့် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ် နိုင်ငံခြားရေးရာ အထူးသံတမန် မစ္စတာ ကောပေါင် လည်း မိုင်းလားမြို့ သို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *