■တွေ့ဆုံဆွေနွေးဖို့အတွက် ထိုင်းက တရုတ်နဲ့အိန္ဒိယတို့ဆီကနေ အကြံဥာဏ်ရယူတိုင်ပင်နေ
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ NUGနဲ့ တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်းများ(EAO)ကို ၆လအ တွင်း တွေ့ ဆုံဆွေးနွေးနိုင်ဖို့အတွက် ထိုင်းနိုင်ငံက ကမ ကထပြုလုပ်ပြီးကြိုးပမ်းနေတယ်လို့ ရိုက်တာသတင်းတစ်ရပ်မှာ ဖေဖော်ဝါ ရီလ၆ရက်နေ့က ဖော်ပြပါရှိပါတယ်။
ရိုက်တာသတင်းဌာနအနေနဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး Sihasak Phuangketkeowရဲ့ ပြောကြားချက်အပေါ်ကိုးကားဖော်ပြခဲ့တာဖြစ်ပြီး ၂၀၂၄ခုနှစ် နှစ်လယ်ပိုင်းမှာ တွေ့ဆုံပွဲဖြစ်မြောက်ဖို့ ရည်မှန်းထားတယ်လို့ သိရပါတယ်။
ထိုင်းဒုတိယနိုင်ငံခြားရေးဝန်ကြီးအနေနဲ့ နစက၊ NUG နဲ့ လက်နက်ကိုင်အဖွဲ့အစည်းများ တွေ့ဆုံပွဲနဲ့ပတ်သက်ပြီး အ သေးစိတ်ပြောကြားထားခြင်း မရှိပေမယ့် မြန်မာက်ုနိုင်ငံတ ကာအသိုက်အဝန်းနဲ့ ပြန်လည်ထိတွေ့နိုင်ဖို့အ တွက် တွေ့ဆုံပွဲကို ပြုလုပ်ပေး လမ်းဖွင့်ပေးနိုင်ဖို့ ကြိုး ပမ်းနေတာလို့ သိရပါတယ်။



