၂ အောက်တိုဘာ၊၂၀၂၃
နစကအဖွဲ့ဝင်လည်းဖြစ်၊နိုင်ငံခြားရေးဝန်ကြီးဟောင်းလည်းဖြစ်သော ဦးဝဏ္ဏမောင်လွင်၏သားဖြစ်သူနေ အိမ်ကို လက်ပစ်ဗုံးဖြင့် ပစ်ခတ်ခဲ့သော်လည်း ထိခိုက်မှုမရှိဟု နစက နှင့် နီးစပ်သည့် အသိုင်းအဝိုင်းက သိရသည်။

ယမန်နေ့ အောက်တိုဘာလ ၁ ရက် နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်မြို့နယ်၊ အောင်မြေသာ စည် အိမ်ရာအတွင်းရှိ ဦး ဝဏ္ဏမောင်လွင်၏ သားငယ်ဖြစ်သူ လင်းမင်းမောင်လွင်၏နေအိမ်သို့ တော်လှန်ရေးအဖွဲ့ တစ်ခုက ဗုံးပစ်သွင်းခဲ့ခြင်းဖြစ်သည်။
အဆိုပါ လုပ်ရပ်ကို မိမိတို့ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း Urban Special Operation (U.S.O) အဖွဲ့က ထုတ်ပြန်ထားသည်။
Visited 5 times, 1 visit(s) today