
■တာဝန်မှ အနားပေးခဲ့ထဲမှာ ပြည်ထောင်စု တရားသူကြီးချုပ်၊ ပြည်ထောင်စုဝန်ကြီး(၄)ဦး၊အဂတိကော်မရှင် ဥက္ကဌ၊လူ့အခွင့်အရေးကော်မရှင် ဥက္ကဌ၊ပြည်ထောင်စုစာရင်းစစ်ချုပ်တို့ပါဝင်
နစကမှ ပြည်ထောင်စုအဆင့်တာဝန်ရှိ သူ(၈) ဦးကို သြဂုတ်လ(၂)ရက်နေ့က အမိန့်ကြေညာစာ(၃)ခု ထုတ်ပြန်ပြီး တာဝန်မှ အနားပေးခဲ့ပါတယ်။
ပြည်ထောင်စုတရားသူကြီးချုပ်ဦးထွန်း ထွန်းဦးကို အမိန့်အမှတ်(၅၈/၂၀၂၃)နဲ့ ကျန်းမာရေးအရတာဝန်ကနေ အနားပေး ခဲ့တာဖြစ်ပြီးသာသနာရေးနှင့်ယဉ်ကျေး မှုဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးကိုကို၊လျှပ်စစ်စွမ်းအားဝန်ကြီးဌာနပြည် ထောင်စုဝန်ကြီးဦးသောင်းဟန်၊ပြည် ထောင်စုစာရင်းစစ်ချုပ်ဦးတင်ဦး၊အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာဌေးအောင်၊ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေး ကော်မရှင်ဥက္ကဋ္ဌဦးလှမြင့်တို့ကို အမိန့်အမှတ် (၅၉/၂၀၂၃)နဲ့လည်:ကောင်းစွမ်းအင်ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးမျိုးမြင့်ဦးနဲ့အလုပ်သမားဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာ ပွင့် ဆန်းတို့ကို အမိန့်အမှတ်(၆၀/၂၀၂၃) နဲ့လည်းကောင်း တာဝန်များကနေ အသီးသီး အနားပေးခဲ့ တာဖြစ်ပါတယ်။
