နစကနဲ့ MNDAA ၊ TNLA ၊ AA အဖွဲ့တွေက တာဝန်ရှိသူတွေဆုံ

နစကရဲ့ မြန်မာနိုင်ငံ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ တာဝန်ရှိသူတွေနဲ့ MNDAA ၊ TNLA ၊ AA အဖွဲ့တွေက တာဝန်ရှိသူတွေဟာ တရုတ်နိုနိုင်ငံ အကူအညီနဲ့ တွေ့ဆုံဆွေးခဲ့တယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းမီဒီယာသမားတွေကို ပြောကြားခဲ့ပါတယ်။

နစကရဲ့ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက အဲဒီတွေ့ဆုံမှုဟာ ဟုတ်မှန်တယ်လို့ အတည်ပြုပြောကြားခဲ့ပါတယ်။

အဲ့ဒီတွေ့ဆုံမှုမှာ ဘယ်လိုရလဒ်ထွက်ပေါ်ခဲ့လည်းဆိုတာကိုဘယ်ဖက်ကမှ ထုတ်ဖော်ပြေကြားထားခြင်း မရှိပါဘူး။

လာမယ့် ဒီဇင်ဘာလကုန်ပိုင်းမှာလည်း နစကနဲ့ MNDAA ၊ TNLA ၊ AA အဖွဲ့တွေက တာဝန်ရှိသူတွေ ထပ်မံတွေ့ဆုံဖို့ရှိသေးတယ်လို့ သိရပါတယ်။

Visited 10 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *