နစကက ပြည်သူ့စစ်မှုထမ်းဥပဒေပြဌာန်း

ဖေဖော်ဝါရီ(၁၀)နေပြည်တော်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဟာ ပြည်သူ့စစ်မှုထမ်းဥပဒေကို ဖေဖော်ဝါရီလ ၁၀ ရက်နေ့က စတင်ပြီး အာဏာ တည်ကြောင်း သတ်မှတ်တဲ့ အမိန့်ကြော်ငြာစာကို ဖေဖော် ဝါရီလ ၁၀ရက်နေ့ ရက်စွဲနဲ့သတင်းထုတ်ပြန်ခဲ့ပါတယ်.

စစ်မှုထမ်းရမယ့်သူများမှာ အမျိုးသားဖြစ်ရင် အသက် ၁၈ နှစ် ပြည့်ကနေ အသက် ၃၅ နှစ် မပြည့်သေးတဲ့ နိုင် ငံသားတိုင်းကို လည်းကောင်း၊ အ မျိုးသမီးဖြစ်ရင် အ သက် ၁၈ နှစ် ပြည့်ကနေအသက် ၂၇ နှစ် မပြည့်သေးတဲ့နိုင်ငံသားတိုင်းကို လည်းကောင်း၊ ကျွမ်းကျင်သူ အမျိုးသားဖြစ်ရင် အသက် ၁၈ နှစ် ပြည့်ကနေ အ သက် ၄၅ နှစ် မပြည့်သေးတဲ့ နိုင်ငံသားကိုလည်း ကောင်း၊ ကျွမ်းကျင်သူ အမျိုးသမီးဖြစ်ရင် အသက် ၁၈ နှစ် ပြည့်က နေ အသက် ၃၅ နှစ် မပြည့်သေးတဲ့ နိုင်ငံ သားကိုလည်း ကောင်း စစ်မှုထမ်းကြရမှာဖြစ်ပါတယ်။

ကျွမ်းကျင်သူဆိုတာဟာ ဆရာဝန်၊အင်ဂျင်နီယာ၊စက်မှုလက်မှုအတတ်ပညာတတ်မြောက်သူ(သို့)အခြားအတတ်ပညာ တစ်ရပ်ရပ်နဲ့ အသက်မွေးဝမ်းကျောင်းနေသူတို့ ဖြစ်ကြပါတယ်။

စစ်မှုထမ်းကာလမှာ ပုံမှန်အနေနဲ့ ၂နှစ်သတ်မှတ်ထားပြီး ကျွမ်းကျင်သူဖြစ်ပါက ၃နှစ်သတ်မှတ်ထားကာ အရေးပေါ်အခြေအနေဖြစ်ပါက ၅နှစ်အထိ တာဝန်ထမ်းရမှာလို့ သိရပါတယ်။

စစ်မှုထမ်းခွင့်ကင်းလွတ်သူများမှာ သာသနာ့ဝန်ထမ်းများ၊အိမ်ထောင်သည်အမျိုးသမီးများ၊အိမ်ထောင်ကွဲပေမယ့် သားသမီးရှိတဲ့ အိမ်ထောင်သည်အမျိုးသမီးများ၊ ကိုယ်လက်အင်္ဂါတစ်ခုခု အမြဲ မသန်စွမ်းသူများတို့အပြင် စစ်မှုထမ်းဖို့ မသင့်လျှော်သူများနဲ့ စက်မှု ထမ်းခွင့် ကင်းလွှတ်ခွင့်ရရှိထားသူများတို့ ဖြစ်ပါတယ်။

Visited 12 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *