နဂါးနှစ်စပါပြီ

၂၀၂၄ ဖေဖော်ဝါရီ၁၁ရက်ဟာ တရုတ်ပြက္ခဒိန်အရ တရုတ်နှစ်ဆန်းတစ်ရက်နေ့ဖြစ်ပါတယ်။ နဂါးနှစ်ရဲ့ အစနေ့လို့လည်း ဆိုလိုပါတယ်။

တရုတ်လူမျိုးတွေဟာ အဲ့ဒီ့ရက်ကို မင်္ဂလာနေ့ရက်လေးတစ်ခုအဖြစ်သတ်မှတ်ပြီး လူကြီးမိဘသက်ကြီးဆွေမျိုးတွေကို ဂါရဝပြုတာ၊ဘုံကျောင်းတွေမှာ လိုအင်ဆန္ဒပြည့်ဝပါစေကြောင်း ဆုမွန်ကောင်း တောင်းတာတွေလုပ်ကြပါတယ်။

နောက်ပြီး နှစ်သစ်ကူးရိုးရာဓလေ့တွေထဲ မိသားစုဆွေမျိုးတွေဆုံပြီး နှစ်သစ်ကူးအကြိုနေ့ညစာနဲ့ နှစ်သစ်ကူးညစာတွေကို တစ်မိသားစုလုံး တစ်နေရာတည်းမှာစုစည်းပြီး နှစ်သစ်ကူးစားပွဲကို အတူချက်ပြုတ်မြည်းစမ်းကြရင်း ကြိုဆိုကြတာတွေလုပ်ကြပါတယ်။

ဒီလိုလုပ်ကြတာမှာ နှစ်သစ်ကူးအကြိုနေ့ညစာမှာ ပါဝင်တဲ့ဟင်းတွေကိုလည်း ကောင်းမွန်တဲ့အနက်အဓိပ္ပာယ်တွေနဲ့ထည့်သွင်းကြပါတယ်။ ဥပမာအားဖြင့် ငါးဟင်းဟာ “နှစ်တိုင်းမှာ ဥစ္စာဓနနဲ့ စားနပ်ရိက္ခာတွေပိုလျှံပါစေ” ကိုဆိုလိုပြီး ဝက်လက်ဟာ “စီးပွားရေးအဆင်ပြေပါစေ” ကိုကိုယ်စားပြုတာ၊ လိမ္မော်သီးကတော့ “အင်မတန် မင်္ဂလာရှိပြီး အဆင်ပြေပါစေ” ဆိုတာနဲ့ အသံထွက်တူတာ စတာတွေပဲဖြစ်ပါတယ်။

နှစ်သစ်ကူးအကြိုနေ့ညမှာ အားလုံးက ဘိုးဘေးနဲ့နတ်မင်းတွေကို ကန်တော့ပြီး လာမယ့်နှစ်မှာ အဆင်ပြေချောမွေ့ပါစေလို့ ဆုတောင်းကြပါတယ်။

နှစ်သစ်ကူးနှစ်ချိုးစပ်စာတန်းတွေ အတူကပ်ပြီး အနီရောင်နဲ့ ကံဆိုးကံညံ့တွေကို ဖယ်ရှားပါတယ်။

ကလေးတွေကလည်း ကျန်းကျန်းမာမာကြီးပြင်းလာစေဖို့ လူကြီးမိဘတွေပေးတဲ့ နှစ်သစ်ကူး မုန့်ဖိုးငွေလည်း ရကြပါတယ်။

Visited 8 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *