နက်စလေ စားသောက်ကုန်လုပ်ငန်းကြီး အနေနဲ့ မြန်မာနိုင်ငံထဲက ထုတ်လုပ်မှုအားလုံး ရပ်ဆိုင်း စွန့်ခွာတော့မယ်လို့ သိရ

Photo Credit: AFP

ရန်ကုန်၊ ဖေဖေါ်ဝါရီ ၂၈

နာမည်ကြီး ဆွစ် စားသောက်ကုန်လုပ်ငန်းကုမ္ပဏီကြီးဖြစ်တဲ့နက်စလေ(Nestle) အနေနဲ့ မြန်မာနိုင်ငံထဲက ထုတ်လုပ် မှုအားလုံးကို စက်ရုံပိတ် ရပ်ဆိုင်းတော့မယ်လို့ ဖေဖေါ်ဝါရီ ၂၇ ရက် တနင်္လာနေ့မှာ ကုမ္ပဏီရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောဆို လိုက်ပါတယ်။

အခုတော့ နက်စလေဟာ  လွန်ခဲ့တဲ့ နှစ်နှစ်အတွင်း စစ်တပ်က အာဏာလွှဲပြောင်းယူပြီးတဲ့နောက်  မြန်မာ့ဈေးကွက်ကို စွန်ခွာသွားခဲ့ကြတဲ့ နောက်ထပ်ကုမ္ပဏီကြီး တစ်ခု ဖြစ်လာခဲ့ပါတယ်။

နက်စလေဟာ မြန်မာနိုင်ငံမှာ အသင့်သောက်နက်စ်ကောဖီ၊  မက်ဂီ ခေါက်ဆွဲ၊ မိုင်လို အပါအဝင် ချောကလက်မဲလ်ဖျော် ရည်တွေကို ထုတ်လုပ်ရောင်းချနေတာ ဖြစ်ပါတယ်။

“ဒီဆုံးဖြတ်ချက်ကြောင့် ထိခိုက်ခံစားရတဲ့လူတိုင်းကို ကူညီပံ့ပိုးပေးဖို့ ကျွန်တော်တို့ တတ်နိုင်သမျှ လုပ်ဆောင်သွားမှာပါ” လို့လည်း နက်စလေ ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

လက်ရှိ မြန်မာနိုင်ငံက နက်စလေ စက်ရုံနဲ့ ရုံးချုပ်မှာ ဝန်ထမ်း ၁၃၈ ဦးရှိတဲ့အကြောင်းလည်း ပြောရေးဆိုခွင့်ရှိသူရဲ့ ပြောဆိုချက်အရ သိရပါတယ်။

Ref: AFP

Visited 37 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *