
Photo credit: Facebook/Himpunan Pemuda Islam Terengganu – Himpit)
ကွာလာလမ်ပူ၊ ဖေဖေါ်ဝါရီ ၂၀
ဖေဖေါဝါရီ ၁၇ ရက်က လမ်းပေါ်မှာ ဒါး၊လှံနဲ့ ဒိုင်းအတုတွေ ကိုင်ပြီး စီတန်းလှည့်လည်ဆန္ဒပြခဲ့တဲ့ မလေးရှား အစ္စလာမ္မစ် ပါတီ ရဲ့ လုပ်ရပ်ဟာအစ္စလာမ်နဲ့ နိုင်ငံအတွက် ဆိုးရွားတဲ့ ပုံရိပ်ကို ပေးနိုင်တယ်လို့ ဘာသာရေး ဝန်ကြီးက ဝေဖန်ပြောဆို လိုက် ပါတယ်။
ထယ်ရန်ဂနူဒေသမှာ မလေးပါတီတစ်ခုဖြစ်တဲ့ Parti Islam Se-Malaysia’s (PAS) လူငယ်အဖွဲ့က လက်နက် အတုတွေ ကိုင်ပြီး ချီတက်ဆန္ဒပြခဲ့တဲ့ အဆိုပါ ဖြစ်ရပ်ကို မလေးရှားရဲတပ်ဖွဲ့ကလည်း စုံစမ်းစစ်ဆေး နေပါတယ်။
ထယ်ရန်ဂနူ ရဲချုပ် ရိုဟီမီ မက် အီစာရဲ့ ပြောဆိုချက်တွေအရကတော့ ကနဦးစုံစမ်းစစ်ဆေးမှုတွေအရ အဲ့ဒိ ဖြစ်ရပ်ဟာ ထယ်ရန်ဂနူက အပန်းဖြေစခန်းတစ်ခုနားမှာ ပြီးခဲ့တဲ့ သောကြာနေ့ (ဖေဖော်ဝါရီ ၁၇ ရက်) က ဖြစ်ခဲ့တာလို့ သိရပါတယ်။
ရဲတပ်ဖွဲ့ အနေနဲ့ စုံစမ်းစစ်ဆေးတာ လုပ်ပြီး ပြစ်မှု မြောက်တာတွေကို သင့်တော်တဲ့ အရေးယူမှုတွေ ပြုလုပ်သွားမှာပါ” လို့ ဖေဖေါ်ဝါရီ ၂၀ရက် တနင်္လာနေ့မှာ ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။
ချီတက်ဖို့ အစီအစဥ်ကို အကြောင်းကြားခဲ့ပေမယ့်လည်း လက်နက်ပုံတူတွေ ကိုင်ပြီး ချီတက်မယ့် ကိစ္စကိုတော့ ရဲတပ် ဖွဲ့ကို အသိပေးတာ မရှိဘူးလို့ မစ္စတာရိုဟိုင်မီက ပြောပါတယ်။
“ပြည်သူတွေကြား မကျေမနပ်ဖြစ်မှုတွေ၊ စိုးရိမ်မှုတွေဖြစ်စေတဲ့ လက်နက်ပုံတူတွေကိုင် ချီတက်ဖို့နဲ့ ပတ်သက် ပြီး ကျနော် တို့ကို အသိပေးတာ မရှိပါဘူး”လို့ သူက ပြောပါတယ်။
လူမှု့ကွန်ယက်မှာ တွေ့ရတဲ့ ဗီဒီယိုတွေမှာတော့ အလယ်ခေတ် အစ္စလမ်မစ်စစ်ပွဲဝတ်စုံကို ၀တ်ထားတဲ့ အမျိုးသားတစ်စုရဲ့ ဓာတ်ပုံနဲ့ ဗီဒီယိုတွေမှာတော့ ဓား၊ လှံနဲ့ ဒိုင်းအတုတွေနဲ့ ချီတက်ဆန္ဒပြနေတာကို တွေ့ရပြီး သူတို့အဖွဲ့ရဲ့ PAS အလံတွေကိုပါ နောက်ခံအဖြစ်ထားထားတာ လည်း တွေ့ရတယ်လို့ သိရပါတယ်။
Ref:CNA