ကိုင်ရို/ဂါဇာ၊ ဒီဇင်ဘာ ၁၆
အစ္စရေးစစ်တပ်ဟာ ဂါဇာမှာ ဟားမတ်စ်တွေ ဖမ်းထားတဲ့ ဓားစာခံ သုံးယောက်ကို မှားပြီး သတ်ဖြတ်ခဲ့တယ်လို့ စစ်ဘက် ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူက ဒီဇင်ဘာ ၁၅ ရက်မှာ တွင် ပြောဆို ခဲ့ပါတယ်။
ဂါဇာမှာ စစ်သွေးကြွတွေနဲ့ တိုက်ခိုက်မှုတွေ ထဲမှာဓားစာခံအများကြီး သေဆုံးခဲ့ရတဲ့အကြောင်း စစ်တပ်က ပြောဆို ခဲ့သလ ဒီလို ဖြစ်ရပ်တွေနဲ့ ပတ်သက်တဲ့ စုံစမ်းစစ်ဆေးမှုတွေဟာ “ပွင့်လင်းမြင်သာမှု အပြည့်ရှိရမယ်” လို့ပြောခဲ့ပြီး မိသားစုတွေ ဆီကို ဝမ်းနည်းကြောင်းပြောပါတယ်။
ဂါဇာကမ်းမြောင်ဒေသက ပြင်းထန်တဲ့တိုက်ပွဲတစ်ခုမှာ အစ္စရေးဓားစာခံသုံးယောက်ကို ခြိမ်းခြောက်မှုအဖြစ် သတ်မှတ်ခဲ့ပြီး နောက်ဆုံး “ရလဒ်အနေနဲ့ တပ်ဖွဲ့တွေက သူတို့ဘက်ကို ပစ်ခတ်ပြီး အသေသတ်ပစ်လိုက်တယ်”။ လို့ အစ္စရေးက သတင်း ထုတ်ပြန်ပါတယ်။
သေဆုံးသွားတဲ့ ဓားစာခံတွေကို Yotam Haim လို့ အစ္စရေး စစ်တပ်က နာမည်ပေးထားပါတယ်။ သူတို့အားလုံးကို ဟားမတ်စ်အဖွဲ့က အောက်တိုဘာ ၇ ရက်က ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ထည့်ပြီး ဖော်ပြထားပါတယ်။
ဓားစာခံတွေနဲ့ ပျောက်ဆုံးနေတဲ့ မိသားစုတွေ အတွက်လုပ်ထားတဲ့ အသင်းဖွဲမှာ ဝမ်းနည်းကြောင်းဖော်ပြထားပြီး သေဆုံး သူ တွေအကြောင်းအမည်နဲ့အတူ ဖော်ပြထားပါတယ်။
သေဆုံးသွားတဲ့ အထဲကသွားတဲ့ တစ်ယောက်ဖြစ်တဲ့ ယိုတန်ဟာ ဂီတဝါသနာရှင်ဖြစ်ပြီး ထူးချွန်တဲ့ ဂီတပညာရှင် တစ် ယောက် လည်း ဖြစ်ပါတယ်။ နောက်တစ်ယောက် စမဲလ် ကတော့ သူငယ်ချင်းတွေနဲ့ ကျေးလက်ဒေသအနှံ့ပတ်ပြီး သွားရ တာကို နှစ်သက်တဲ့ ဆိုင်ကယ်သမားတစ်ယောက်ပါ။ တတိယတစ်ယောက် အာလန် ကတော့ ဘတ်စကတ်ဘော ဝါသနာ ရှင်တစ်ယောက်လို့ သိရပါတယ်။
Ref: CAN
ပုံစာ။ သေဆုံးသွားတဲ့ ဓားစာခံ သုံးယောက်ကို တွေ့ရပုံ
Feature Image Credit: Handout via Reuters



